မြန်မာအားကစားအဖွဲ့အတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို ခြင်းလုံးမှ ထပ်မံရရှိ

မြန်မာအားကစားအဖွဲ့အတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို ခြင်းလုံးမှ ထပ်မံရရှိ
Published 17 August 2017

ပုံစာ - Event-4 ပြိုင်ပွဲမှ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာခြင်းလုံးအသင်း (ဓာတ်ပုံ - ညီညီစိုးညွန့်)

(၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအားကစားအဖွဲ့ အတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို ခြင်းလုံးမှ ရယူနိုင်ခဲ့ကြောင်းသိရသည်။
မြန်မာခြင်းလုံးအဖွဲ့သည် Event-4 ပြိုင်ပွဲမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲတွင် လာအိုအသင်းနှင့် နောက်ဆုံးမိနစ်ထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာကာ ၁၄၉-၁၄၈ မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent