စာချုပ်ပါအချက်အရ ကျော်ကိုကိုအား ချင်းရိုင်အသင်း ကုသပေးရမည်

စာချုပ်ပါအချက်အရ ကျော်ကိုကိုအား ချင်းရိုင်အသင်း ကုသပေးရမည်
Published 10 April 2018

ဒဏ်ရာရရှိပြီးနောက် ကွင်းအတွင်း၌ လဲကျနေသည့် ကျော်ကိုကို (Photo: crutd)

ရန်ကုန်ယူနိုက်တက်နှင့် ချင်းရိုင်ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်ပါအချက်အရ ချင်းရိုင်ယူနိုက်တက်အသင်းအနေဖြင့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို၏ဒဏ်ရာကို ဆေးကုသပေးရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်း၌ အငှားသွားရောက်ကစားနေသည့် ကျော်ကိုကိုသည် ဧပြီ ၈ ရက်က ပတ္တရားယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ယာဘက်ဒူးဒဏ်ရာပြင်း ထန်စွာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရမည်ဖြစ်သည်။ ချင်းရိုင်ယူနိုက်တက်အသင်း တာဝန်ရှိသူများသည် ကာယကံရှင်ဖြစ်သူ ကျော်ကိုကိုအား ထိုင်းနိုင်ငံ(သို့မဟုတ်) ဘရာဇီးလ်နိုင်ငံ၌ ခွဲစိတ်ကုသမှုပြုလုပ်ရန် မေးမြန်းထားကြောင်း သိရသည်။ ၎င်း၏ အခြေအနေနှင့်ပတ်သက်၍ ရန်ကုန်အသင်းတာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့နဲ့ချုပ်ထားတဲ့ စာချုပ်ပါစည်းမျဉ်းအရ ကျော်ကိုကို အငှားသွားရောက်ကစားနေစဉ် ဒဏ်ရာရရှိခဲ့ပါက ချင်းရိုင်အသင်းက တာဝန်ခံပြီး ဆေးကုသပေးရ မယ်ဆိုတဲ့အချက်ပါပါတယ်။ ကျော်ကိုကိုအနေနဲ့ ထိုင်းမှာပဲနေပြီး ခွဲစိတ်ကုသမလား၊ ရန်ကုန်မှာနေပြီး ခွဲစိတ်ကုသချိန်ပဲ ဟိုကိုသွားမလားဆိုတာကတော့ ကာယကံရှင်ပဲ ဆုံးဖြတ်ရမှာပါ” ဟု ပြောကြားသည်။ ကျော်ကိုကိုသည် ဒုတိယပိုင်း ၇၆ မိနစ်တွင် လူစားဝင်ကစားပြီးနောက် ငါးမိနစ်အကြာမှာပင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent