ယခုရာသီကုန်တွင် အက်သလက်တီကိုအသင်းနှင့် လမ်းခွဲတော့မည်ဟု တောရက်စ် ဖွင့်ဟ

ယခုရာသီကုန်တွင် အက်သလက်တီကိုအသင်းနှင့် လမ်းခွဲတော့မည်ဟု တောရက်စ် ဖွင့်ဟ
Published 10 April 2018

Photo: AS

အက်သလက်တီကိုမက်ဒရစ်အသင်း၏ ဝါရင့်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲတော့မည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

တောရက်စ်သည် အက်သလက်တီကိုလူငယ်အသင်းမှ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှစ၍ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အေစီမီလန်အသင်းများတွင် ရွှေ့ပြောင်းကစားကာ ၂၀၁၅ ခုနှစ်တွင် အက်သလက်တီကိုအသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် တောရက်စ်သည် ယခုရာသီလာလီဂါပြိုင်ပွဲတွင် (၃)ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး စာချုပ်သက်တမ်းမှာလည်း ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် လမ်းခွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တောရက်စ်က "နှုတ်ဆက်စကားပြောရတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်တော် ကစားနေရတဲ့အနေအထားကို ခင်ဗျားမြင်မှာပါ။ ဒါကြောင့် လမ်းခွဲဖို့ဆုံးဖြတ်တာ မှန်ကန်လိမ့်မယ်လို့ ထင်ပါတယ်။ ပရိသတ်တွေလည်း နားလည်လိမ့်မယ်လို့ ထင်ပါတယ်" ဟုပြောကြားခဲ့သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီကလည်း တောရက်စ်ကို သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလက ပြောကြားခဲ့ဖူးသည်။

Most Read

Most Recent