ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 9 April 2018

လိုက်ပ်ဇစ် - လေဗာကူဆင် (၁၀-၄-၂၀၁၈ နံနက် ၁း၀၀ နာရီ)

နှစ်သင်းစလုံးရဲ့ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလွန်အရေးပါတဲ့ပွဲ(၁)ပွဲပါပဲ။ ဒါပေမဲ့ လိုက်ပ်ဇစ်က ယူရိုပါလိဂ်ကွာတား ဖိုင်နယ်(၂)ကျော့အကြားမှာ ကစားရတာဖြစ်လို့ အာရုံထွေပြားနေနိုင်တယ်။ ဒီအချက်က လေဗာကူဆင်အတွက် အခွင့်အရေး ကောင်းဖြစ်လာလိမ့်မယ်။ ပုံမှန်အခြေအနေမှာဆိုရင် လေဗာကူဆင်အသင်း လက်ရှိကစားပုံနဲ့ လိုက်ပ်ဇစ်ကို ယှဉ်ကစားနိုင်ဖို့ မလွယ်လောက်ဘူး။ လေဗာကူဆင်က ဘောလုံးရာသီပန်းဝင်ချိန်ကျမှ အမှားမှားအယွင်းယွင်းဖြစ်လာတယ်။ ကိုလုံး၊ အော့စ် ဘတ်တို့နဲ့ပွဲတွေမှာ ရမှတ်ပြည့်ယူထားနိုင်ရမှာကို (၁)မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ အခုပွဲမှာလည်း ရလဒ်မကောင်းခဲ့ရင် လေဗာ ကူဆင်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က အလွန်ခက်ခဲသွားမယ့် အနေအထားရောက်သွားနိုင်တယ်။ လေဗာကူဆင်တိုက် စစ်မှာ အားထားရတဲ့ ဘေလေ (၅)ပွဲဆက် ဂိုးပေါက်ပျောက်နေလို့ အခက်တွေ့နေရတာပါ။ နိုင်ပွဲပြန်ရှာရမယ့် လေဗာကူဆင် အားကုန်တင်ကစားလာနိုင်လို့ အမှတ်ရလိမ့်မယ်။

ဗီလာရီးယဲလ် - ဘီလ်ဘာအို (၁၀-၄-၂၀၁၈ နံနက် ၁း၃၀ နာရီ)

ဗီလာရီးယဲလ်ကတော့ ယူရိုပါလိဂ်တစ်နေရာစာအတွက် တိုက်ပွဲဝင်နေရတယ်။ လက်ရှိအဆင့် (၅)နေရာမှာရပ်တည် နေနိုင်ပေမယ့် အနီးဆုံးပြိုင်ဘက်တွေနဲ့ အမှတ်မကွာလှဘူး။ အဆင့်(၈)မှာရှိနေတဲ့ ဟီရိုနာကိုတောင် (၃)မှတ်ပဲဖြတ်ထားနိုင် လို့ ဗီလာရီးယဲလ်ရဲ့ ပန်းအဝင်ပိုင်းက အရေးကြီးနေတယ်လို့ပြောနိုင်တယ်။ ဘီလ်ဘာအိုကတော့ အမှတ်ပေးဇယားအလယ် မှာ ဟိုမမီ၊ ဒီမမီဖြစ်နေတဲ့အသင်းလို့ပြောရမှာပါ။ ဒါပေမဲ့ ဘီလ်ဘာအိုတို့ ယူရိုပါလိဂ်ကထွက်လိုက်ရပြီးနောက် လာလီဂါဘက်မှာ သေချာပြန်အားစိုက်ကစားနေပြီး အဆင့်တက်လာအောင် ကြိုးစားနေတာတော့တွေ့ရတယ်။ လတ်တလောခြေစွမ်းပိုင်းတွေ အရတော့ (၂)သင်းစလုံးသိပ်ပြီးမငြိမ်လှပါဘူး။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုအစဉ်အလာကိုကြည့်တော့လည်း အပြန်အ လှန်ကစားနိုင်ကြလေ့ရှိလို့ ဒီနှစ်သင်းအနေအထားက သိပ်မကွာလှဘူး။ ဒါပေမဲ့ ဗီလာရီးယဲလ်ဟာ အိမ်ကွင်းနောက်ဆုံးပွဲမှာ အက်သလက်တီကိုလိုအသင်းကိုတောင် အနိုင်ရအောင်ကစားထားပြီး၊ ဒီအနေအထားက အဝေးကွင်းဆိုရင် ဂိုးရနည်းပြီး ခံစစ် ပိုင်း အာရုံစိုက်ကစားနေနိုင်တဲ့ ဘီလ်ဘာအိုကို ဖိအားပေးကစားမှာ သေချာပါတယ်။ အိမ်ရှင်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

 

Most Read

Most Recent