ထိုင်းနှင့်ပွဲမှ အားနည်းချက်များကို ပြန်လည်ပြင်ဆင်မည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာ ပြောကြား

ထိုင်းနှင့်ပွဲမှ အားနည်းချက်များကို ပြန်လည်ပြင်ဆင်မည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာ ပြောကြား
Published 17 August 2017

photo - ညီညီစိုးညွန့်

မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာရိုင်နာက ယနေ့ ယှဉ်ပြိုင်ကစားရမည့် မလေးရှားပွဲတွင် ထိုင်းနှင့်ပွဲမှ အားနည်းချက်များကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရော်ဂျာက''မလေးရှားနဲ့ပွဲအတွက် ပြင်ဆင်မှုတွေ သေချာပြုလုပ်သွားမှာ ပါ။ ထိုင်းနဲ့ပွဲက လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြန်ပြင်ဆင်သွားမှာပါ။ အနိုင်ရဖို့ ကြိုးစားသွားမှာပါ''ဟု ပြောကြားသည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ်များကို လေးပွဲဆက်တိုက်ကစားရမည်ဖြစ်ပြီး မလေးရှားနှင့်ပွဲအပြီးတွင် ဗီယက်နမ်အသင်းနှင့် ထပ်မံ ကစားရမည်ဖြစ်သည်။

နည်းပြချုပ် ရော်ဂျာရိုင်နာ၏ အနာဂတ်နှင့်ပတ်သပ်ပြီး
ထိုင်းကို ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် သတင်းများထွက်ပေါ်လာခဲ့ပြီး နည်းပြချုပ် ရာထူးမှာ လှုပ်ခတ်မှုများရှိလာကြောင်း သိရသည်။

Most Read

Most Recent