ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာ၏ ရာထူးလှုပ်ခတ်လာ

ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာ၏ ရာထူးလှုပ်ခတ်လာ
Published 17 August 2017

Photo - ညီညီစိုးညွန့်

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်  နည်းပြချုပ် ရော်ဂျာ၏ ရာထူးမှာလည်း လှုပ်ခတ်လာကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းသည် ချန်ပီယံဆုအတွက် အဓိကယှဉ်ပြိုင်ရမည့် ထိုင်းအသင်းကို (၂-၃) ဂိုးဖြင့် အရေးနိမ့် ခဲ့ခြင်းကြောင့် ချန်ပီယံဆုအတွက် အခွင့်အရေးနည်းသွားခဲ့ ရသည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်  နည်းပြချုပ် ရော်ဂျာ၏ ရာထူးမှာလည်း လှုပ်ခတ်လာကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းသည် ချန်ပီယံဆုအတွက် အဓိကယှဉ်ပြိုင်ရမည့် ထိုင်းအသင်းကို (၂-၃) ဂိုးဖြင့် အရေးနိမ့် ခဲ့ခြင်းကြောင့် ချန်ပီယံဆုအတွက် အခွင့်အရေးနည်းသွားခဲ့ ရသည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်းပွဲတွင် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့သည့် အပြင် ဒုတိယပိုင်းတွင် အဓိကတိုက်စစ်မှူး ရီရီဦးကို လူစားလဲ အသုံးမပြုခဲ့ခြင်းတို့အတွက် နည်းပြချုပ် ရော်ဂျာရိုင်နာ၏ လုပ် ဆောင်မှုများအား ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင် စွမ်းဆောင် ပေးနိုင်ခြင်းမရှိပါက နည်းပြရော်ဂျာ၏ အနာဂတ်မှာလည်း ပြီးဆုံးသွားဖွယ်ရှိနေသည်။ "အခုရှုံးတဲ့ပွဲမှာ နည်းပြရော်ဂျာ ရဲ့ ဆောင်ရွက်ပုံတွေက အားနည်းမှုတွေရှိပါတယ်။ ပေးလိုက် ရတဲ့ဂိုးတွေက ခံစစ်အပိုင်းကြောင့်ဖြစ်ပေမယ့် လူစားလဲတာ အပါအဝင် ဒုတိယပိုင်းဆောင်ရွက်ပုံတွေက အမှားများပါ တယ်။ သူရဲ့ ရာထူးနဲ့ပတ်သက်ပြီး ဘာမှပြောလို့မရသေးပါ ဘူး။ လာမယ့်ပွဲတွေ စောင့်ကြည့်ပါဦးမယ်"ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ရော်ဂျာသည် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာ အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၆ အာဆီယံအမျိုး သမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယနေရာရအောင် စွမ်းဆောင် ပေးခဲ့သောကြောင့် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံကတာပြိုင်ပွဲများ တွင် အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ အာရှဖလားခြေစစ်ပွဲတွင်လည်း ဗီယက်နမ်ကိုရှုံးပြီး ခြေစစ်ပွဲ မအောင်ခဲ့ပေ။ ယခုဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုမရခဲ့ပါက ရော်ဂျာ်ကို သက်တမ်းတိုးဖွယ်မရှိကြောင်း သိရသည်။

Most Read

Most Recent