ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါချန်ပီယံဆု ခြောက်နှစ်ဆက်ဆွတ်ခူး

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါချန်ပီယံဆု ခြောက်နှစ်ဆက်ဆွတ်ခူး
Published 8 April 2018

Photo: AP

Photo: AP

Photo: EPA

ဘွန်ဒစ်လီဂါ ပွဲစဉ် (၂၉) ဒုတိယနေ့ပွဲများကို ဧပြီ ၇ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားရာ ဘိုင်ယန်မြူးနစ်အသင်းသည် နောက်မှလိုက်ကစားရသော်လည်း အော့စ်ဘတ်အသင်းအား အဝေးကွင်း၌ ဂိုးပြတ်သွင်းယူပြီး လက်ကျန်ငါးပွဲအလိုမှာပင် ချန်ပီယံဆုအား ခြောက်ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲအတွက် အဓိက ကစားသမားများ အနားပေးခဲ့ပြီး ၁၈ မိနစ်တွင် နောက်ခံလူဆူလေ ကိုယ့်ဂိုးကိုယ်သွင်းယူမိသောကြောင့် နောက်မှလိုက်ကစားခဲ့ရသည်။

သို့သော် အော့စ်ဘတ်အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအား ယှဉ်မကစားနိုင်ဘဲ ၃၂ မိနစ်တွင် တိုလစ်ဆိုက ချေပဂိုး၊ ၃၈ မိနစ်တွင် ဂျိမ်းရိုဒရီဂွက်ဇ်က ဒုတိယဂိုး၊ ၆၂ မိနစ်တွင် ရော်ဘင်က တတိယဂိုးနှင့် ၈၇ မိနစ်တွင် ဝက်ဂ်နာက စတုတ္ထဂိုးများသွင်းယူပေးခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ၂၉ ပွဲကစား၊ ၇၂ မှတ်ရထားပြီး ငါးပွဲအလိုတွင် ဒုတိယနေရာမှ ရှော်လ်ကေးအသင်းထက် အမှတ်အပြတ်အသတ် အသာရထားသဖြင့် ခြောက်ရာသီဆက်နှင့် (၂၈)ကြိမ်မြောက် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent