ခုံအလွတ် များစွာရှိသော်လည်း လက်မှတ်ခွဲတမ်း ကန့်သတ်ထားသောကြောင့် မြန်မာပရိသတ် များ ကွင်းအပြင်မှ အားပေးခဲ့ရ

ခုံအလွတ် များစွာရှိသော်လည်း လက်မှတ်ခွဲတမ်း ကန့်သတ်ထားသောကြောင့် မြန်မာပရိသတ် များ ကွင်းအပြင်မှ အားပေးခဲ့ရ
Published 17 August 2017

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်တစ်ခု ဖြစ်သော မြန်မာယူ-၂၂ အသင်းနှင့် လာအိုယူ-၂၂ အသင်းတို့၏ပွဲစဉ်တွင် ကွင်းအတွင်း ခုံအလွတ်များစွာရှိသော်လည်း
လက်မှတ်ခွဲတမ်းကန့်သတ်မှုကြောင့် မြန်မာပရိသတ်အများစုမှာ ကွင်းအပြင်နှင့် အခြား နေရာလွတ်များမှ အဆင်ပြေသလို အားပေးခဲ့ရကြောင်း သိရသည်။

မြန်မာအသင်းနှင့် လာအို အသင်းတို့ ကစားခဲ့သော ကွင်းမှာပရိသတ်(၆၀၀၀)ကျော် ဝင်ဆံ့သော်လည်း မြန်မာ ပရိသတ်များအတွက် လက်မှတ်ခွဲတမ်း (၅၀၀)သာရရှိခဲ့ကြောင်းသိရသည်။

မြန်မာ ပရိသတ်အများစုသည် ပွဲကြည့်စင်တွင် ဝင်ရောက်ကြည့်ရှုခွင့် မရသောကြောင့် ကွင်းအတွင်းသို့
လှမ်းကြည့် အားပေးနိုင်သော လှေကားများ၊ ကွင်းအပြင်ဘက်သို့ ကာရံထားသော လမ်းများမှတစ်ဆင့်ကြည့် ရှုခဲ့ရသည်။ ထို့ကြောင့် မြန်မာအသင်းအတွက် တိုက်စစ်မှူးအောင်သူ၏ ဂိုးသွင်းအပြီးတွင် ကွင်းအတွင်း နေရာမရသော ပရိသတ်များ၏ အရှေ့တွင် သွားရောက်အောင်ပွဲခံခဲ့ကြောင်း သိရသည်။

ပွဲကစားချျိန် မိနစ်(၇၀)တွင် ကွင်းအတွင်းဝင်ရောက်ကြည့်ရှုသူပရိသတ်(၂၈၇၆) ဦးလာရောက်အားပေးခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေး ကကြေညာခဲ့သည်။

Photo - အောင်မင်းသန့်

Most Read

Most Recent