နာကျင်အချိန်ပို သွင်းဂိုးများဖြင့် လာအိုကို မြန်မာအနိုင်ရ

နာကျင်အချိန်ပို သွင်းဂိုးများဖြင့် လာအိုကို မြန်မာအနိုင်ရ
Published 17 August 2017

(၂၉)ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဒုတိယမြောက် အုပ်စုတွင်းပွဲစဉ်များကို သြဂုတ်လ(၁၆)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းသည် နာကျင်အချိန်ပို သွင်းဂိုးများဖြင့် လာအိုအသင်းကို အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာယူ-၂၂အသင်းသည် ပွဲချိန်(၃၆)မိနစ်တွင် အောင်သူ၏ သွင်းဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲကစားချိန်အတွင်းလာအိုအသင်း၏ တိုက်စစ်ကိုမထိန်းနိုင်ဘဲ ချေပဂိုးပြန်လည်ခွင့်ပြုလိုက်ရသည်။

ပွဲချိန်ပြီးဆုံးခါနီးအထိ မြန်မာအသင်း၏ တိုက်စစ်မှာ အောင်သူတစ်ယောက်တည်းကိုသာ အားပြုကစားခဲ့သောကြောင့် တစ်ဖက်အသင်း၏ လူကပ်ကစားမှုကို ခံခဲ့ရသည်။

ထို့ကြောင့် အောင်ကောင်မာန်နှင့် ရွှေကို တို့ကို ထည့်သွင်းကာ တိုက်စစ်အားကို မြင့်တင်ခဲ့သည်။

ထို့နောက် မြန်မာအသင်း တိုက်စစ်အသာဖြင့် လာအိုကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ရွှေကို နှင့် လှိုင်ဘိုဘိုတို့ က အနိုင်ဂိုးများ သွင်းယူပေးနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။

Most Read

Most Recent