အီတလီစီးရီးအေပွဲစဉ်(၂၇) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၂၇) ပွဲကြိုသုံးသပ်ချက်
Published 3 April 2018

ဂျီနိုအာ နှင့် ကာဂလီယာရီ   (၃-၄-၂၀၁၈) အင်္ဂါ ည ၁၁း၀၀နာရီ

နှစ်သင်းစလုံး တန်းဆင်းဇုန်အန္တရာယ်နဲ့ အလုံးစုံမလွတ်ကင်းသေးဘူး။ အဝေးကွင်းနောက်ဆုံး(၆)ပွဲမှာ ကာဂလီယာရီ (၂)ပွဲသာ ရှုံးနိမ့်ထားပေမယ့် လက်ရှိခံစစ်စွမ်းဆောင်ရည်က စိတ်မချရဘူး။ ဂျီနိုအာ နိုင်ပွဲရဖို့များပါတယ်။

အူဒီးနီးစ် နှင့် ဖီအိုရင်တီးနား   (၃-၄-၂၀၁၈) အင်္ဂါ ည ၁၁း၀၀နာရီ

စီးရီးအေနောက်ဆုံး(၆)ပွဲဆက် အနည်းဆုံး(၂)ဂိုးပေးပြီး အူဒီးနီးစ် ရှုံးနိမ့်ထားတယ်။ ပြီးတော့ အိမ်ကွင်းမှာလည်း နောက် ဆုံး(၄)ပွဲဆက် နိုင်ပွဲမရထားဘူး။ ဖီအိုရင်တီးနားက မျှော်လင့်ချက်ကြီးကြီးမားမားမရှိပေမယ့် ဂရုတစိုက်ကစားပြီး တည်ငြိမ်နေတယ်။ ဒါပေမဲ့ ဒီပွဲမှာ အမှတ်လျော့နိုင်တယ်။

အတ္တလန်တာ နှင့် ဆမ်ဒိုးရီးယား   (၃-၄-၂၀၁၈) အင်္ဂါ ည ၁၁း၀၀နာရီ

(၃)ပွဲဆက် အရှုံးဒဏ်ကို ဆမ်ဒိုးရီးယား ပြန်လည်ကုစားရမယ့်အချိန်ရောက်နေပြီ။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် အတ္တလန်တာအသင်းက ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို အကောင်အထည်ဖော်နေတယ်။ အိမ်ကွင်းမှာ နိုင်ပွဲတွေယူပြီးပြန်လည်တည်ငြိမ်နေတယ်။ ဆမ်ဒိုးရီးယားက အဝေးကွင်းနောက်ဆုံး(၆)ပွဲမှာ (၅)ပွဲ အရေးနိမ့်ထားတယ်။ ခံစစ်က စိတ်မချရဘူး။ တိုက်စစ်က ဂိုးရဖို့ ရုန်းကန်နေရတာမျိုး တွေ့ရတယ်။ အဝေးကွင်းနောက်ဆုံး(၃)ပွဲမှာ အေစီမီလန်ကို ရှုံးခဲ့တာအပြစ်ဆိုစရာမရှိပေမယ့် ခရိုတိုနီ၊ ချီယေဗိုတို့လို တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အသင်းတွေကို ရှုံးခဲ့တာ စိတ်ပျက်စရာပါပဲ။ ဆမ်ဒိုးရီးယားရဲ့ပြဿနာက တော်ရိုင်ရာ၊ ဂတ်စတွန်ရာမီရက်ဇ်တို့ကို ထိန်းချုပ်ထားလိုက်ရင် အဆိပ်မရှိတော့တာပဲ။ အတ္တလန်တာကွင်းလယ်က မာဂုဏ်မြင့်ပြီး ဂိုးမက်ဇ်၊ အီလီချစ်တို့နဲ့ တန်ပြန်တိုက်စစ်ကစားပုံကောင်းပါတယ်။ အတ္တလန်တာ အမှတ်ရပါဦးမယ်။

Most Read

Most Recent