ယနေ့ ယှဉ်ပြိုင်ကစားမည့် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက် (မြန်မာ - လာအို)

ယနေ့ ယှဉ်ပြိုင်ကစားမည့် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက် (မြန်မာ - လာအို)
Published 16 August 2017

Photo: ကောင်းထက်အောင်

မြန်မာ - လာအို

အချိန် - ည ရး၁၅ နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း - UiTM

ဆီးဂိမ်းစ်ပြိုင်ပွဲ နောက်ဆုံးတွေ့ဆုံမှု
မြန်မာ ၃-၂ လာအို ၂၀၁၁ ပြိုင်ပွဲ

လာအိုအသင်းက ပထမဆုံးပွဲကစားရမှာဖြစ်လို့ ခြေစွမ်းကို မှန်းဆရခက်နိုင်ပါတယ်။

ပြီးခဲ့တဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲမှာ လာအိုအသင်း ခြေစစ်ပွဲမအောင်ခဲ့ပေမယ့် ထိုင်ဝမ်ကို အနိုင်၊ ဟောင်ကောင်ကို သရေကစားခဲ့ပါတယ်။

ခြေစွမ်းပိုင်းအရ အလယ်အလတ်အဆင့် မှာရှိပြီး မြန်မာအသင်း ပေါ့ဆလို့မရပါဘူး။

မြန်မာအသင်းဟာ စင်ကာပူအသင်းနဲ့ပွဲလိုပဲ ဖိဖိစီးစီးကစားဖို့လိုပါတယ်။

စင်ကာပူအသင်းကို အနိုင်ရခဲ့ပေမယ့် မြန်မာအသင်းကစားပုံက အကောင်းကြီးမဟုတ်သေးပါဘူး။

မြန်မာအသင်းအနေနဲ့ အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်တက် ရောက်နိုင်ဖို့ဆိုရင် လာအို၊ ဘရူနိုင်းတို့ကို ဂိုးများများသွင်းထားဖို့လိုပါတယ်။

အားကုန်ထုတ် ကစားရနိုင်ပေမယ့် မြန်မာအသင်းပဲ အမှတ်ပြည့်ယူသွားပါလိမ့်မယ်။

Most Read

Most Recent