<

အမျိုးသားခြင်းလုံးပြိုင်ပွဲ (Event-3)ပြိုင်ပွဲတွင် အိမ်ရှင်မလေးရှား အသင်းရွှေတံဆိပ် စတင်ရရှိ

(၂၉)ကြိမ်မြောက် မလေးရှားဆီးဂိမ်းပြိုင်ပွဲ အမျိုးသားခြင်းလုံးပြိုင်ပွဲ (Event-3)ပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအသင်းက ရွှေတံဆိပ်ဆု စတင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို သြဂုတ်လ(၁၆)ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အသင်းက ဖိလစ်ပိုင်အသင်းကို ရမှတ်အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

မလေးရှားအသင်းသည် စုစုပေါင်းရမှတ်(၃၉၁)မှတ်ရရှိခဲ့ပြီး အနီးဆုံးပြိုင်ဘက် ဖိလစ်ပိုင်အသင်းက(၂၇၁)မှတ်သာရရှိခဲ့ကြောင်း သိရသည်။

August 16, 2017














Copy Protected by Chetan's WP-Copyprotect.