အမျိုးသမီးဘောလုံးပြိုင်ပွဲ Live မပြသခြင်းအတွက် ထိုင်းနည်းပြ ဝေဖန်

အမျိုးသမီးဘောလုံးပြိုင်ပွဲ Live မပြသခြင်းအတွက် ထိုင်းနည်းပြ ဝေဖန်
Published 16 August 2017

ထိုင်းအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ် စပန်ဆာက ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲအား တိုက်ရိုက်မပြသခြင်း အတွက် ဝေဖန်မှုများပြုလုပ်ခဲ့သည်။

စပန်ဆာက “အာဆီယံရဲ့ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ရုပ်သံထုတ်လွှင့်ခြင်းမရှိလို့ အတော်စိတ်ပျက်ရပါတယ်”ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြိုင်ပွဲကျင်းပရေးကော်မတီသည် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ကျင်းပမည့် ကွင်းအနေအထားကြောင့် ရုပ်သံမှ ထုတ်လွှင့်ပြသမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြိုင်ပွဲကျင်းပရေးကော်မတီသည် Live ပြသမည့် အားကစားနည်းများအား တစ်ရက်အလိုမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး  အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များအနက် UiTM ကွင်းနှင့် UM ကွင်း၌ ကျင်းပမည့်ပွဲများအား ပြသမည်မဟုတ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မည့် အစီအစဉ်များအား ဝေဖန်မှုများ မြင့်တက်နေပြီး မြန်မာအသင်းပွဲကို မလေးရှားနှင့်င့်ပွဲမှသာ ကြည့်ရှုခွင့်ရမည်ဖြစ်သည်။

Most Read

Most Recent