<

လာအိုကို လျှော့မတွက်ထားဟု ဂတ်ဖရိုင်းဒရစ် ပြောကြား

ဓာတ်ပုံ-ညီညီစိုးညွန့်

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က အုပ်စုဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည့် လာအိုအသင်းကို လျှော့မတွက် ထားကြောင်း ပြောကြားခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားရခြင်းဖြစ်ပြီး လာအိုအသင်းမှာမူ ပထမဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။

ဂတ်ဖရိုင်းဒရစ်က “လာအိုအသင်းနဲ့ နောက်ပိုင်းနှစ်တွေမှာ တွေ့ဆုံမှုနည်းတာကြောင့် သူတို့ရဲ့ ခြေစွမ်းပိုင်းကို မှန်းဆရ ခက်ခဲပါတယ်။ သေချာတာကတော့ ခက်ခဲမှာပါ။ စင်ကာပူနဲ့ပွဲက အသင်းရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေက ပြန်ပြင်ဆင်သွားမှာပါ။ စင်ကာပူကို အနိုင်ရခဲ့ပေမယ့် ဆီမီးဖိုင်နယ်တက်ဖို့ မသေချာသေးပါဘူး။ လာအိုနဲ့ပွဲကလည်း အရေးပါပါတယ်။ သူတို့ကို လျှော့မတွက်ထားပါဘူး။ အနိုင်ရအောင် ကစားသွားမှာပါ”ဟု ပြောကြားသည်။ အုပ်စု (က) ဒုတိယနေ့ပွဲစဉ်များကို သြဂုတ် ၁၆ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၇း၁၅ နာရီတွင် တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဒုတိယနေ့ပွဲများအဖြစ် UiTM ကွင်း၌ မြန်မာအသင်းနှင့် လာအိုအသင်း၊ ရှာအလမ်ကွင်း၌ မလေးရှားအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

 

 

August 16, 2017














Copy Protected by Chetan's WP-Copyprotect.