မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာအား ကမ္ဘာကျော် အေးဂျင့်တစ်ဦးဖြစ်သည့် ရိုင်အိုလာ ဝေဖန်တိုက်ခိုက်

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာအား ကမ္ဘာကျော် အေးဂျင့်တစ်ဦးဖြစ်သည့် ရိုင်အိုလာ ဝေဖန်တိုက်ခိုက်
Published 27 March 2018

နာမည်ကျော်အေးဂျင့်တစ်ဦး ဖြစ်သည့် ရိုင်အိုလာသည် မန်စီးတီးအသင်း၏နည်းပြဖြစ်သူ ဂွါဒီယိုလာ အား ဝေဖန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဂွါဒီယိုလာသည် ယာယာတိုရေး၏ အေးဂျင့်ဖြစ်သူ ဆီလက်ခ်နှင့် လူသိရှင်ကြား ပြဿနာများဖြစ်ပွားခဲ့ဖူးသူဖြစ်ပြီး ယခုအခါ ရိုင်အိုလာကပါ အံ့အားသင့်ဖွယ်တိုက်ခိုက်ဝေဖန်လာခဲ့ခြင်းဖြစ်သည်။

ရိုင်အိုလာနှင့် ဂွါဒီယိုလာတို့သည် ဘောလုံးကမ္ဘာတွင် ထိပ်သီးအလွှာမှလူများဖြစ်ပြီး အနာဂတ် တွင် ထိတွေ့မှုများရှိနိုင်သည့်ကြားမှ ယခုကဲ့သို့ လူသိရှင်ကြားဝေဖန်မှုအ ပေါ် မီဒီယာများက အံ့သြနေကြသည်။

ရိုင်အိုလာသည် ဘာစီလိုနာအသင်းမှ ၎င်း၏ကစားသမား အီဘရာဟီမိုဗစ်ထွက်ခွာခဲ့ရခြင်းနှင့် ပတ်သက်၍ အငြှိုးအတေးများဖြစ်ဖွယ်ရှိနေပြီး ယခုအချိန်တွင် ''ဂွါဒီယိုလာလား။ သူက နည်းပြတစ်ဦးအနေနဲ့ဆိုရင်တော့ တကယ်တော်ပါတယ်။ ဒါပေမဲ့ လူ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ဆိုရင်တော့ Zero ပါပဲ။ သူက ဘုန်းကြီးတစ်ပါးလို ဖြစ် နေပြီး ကျွန်တော်ဘာလုပ်နိုင်မှာလဲ။ မန်စီးတီးအသင်းနဲ့အတူ သူ ချန်ပီယံ လိဂ်ဖလားကို ယူနိုင်ခဲ့ရင် တကယ် ထူးချွန်တဲ့နည်းပြတစ်ဦးဆိုတာ သက် သေပြရာရောက်ပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်မှာကို ကျွန်တော်မုန်းပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent