Eleven Media Group ၏ ၂၀၁၇ခုနှစ် မြန်မာအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ပွဲကျင်းပ

Eleven Media Group ၏ ၂၀၁၇ခုနှစ် မြန်မာအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ပွဲကျင်းပ
Published 26 March 2018

Eleven Media Group မှ နှစ်စဉ်ချီးမြှင့်နေသည့် မြန်မာအကောင်းဆုံး ဘောလုံးသမားဆုချီးမြှင့်ပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ Eleven Media Group ရုံးချုပ်၌ မတ်လ(၂၆)ရက်နေ့နံနက် (၁၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် မြန်မာအကောင်းဆုံး ဘောလုံးသမားဆုကို ရတနာပုံအသင်းမှ ထိုင်းကလပ် Police Tero အသင်းတွင် အငှားသွားကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူက ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယဆုကို ယမန်နှစ်ဘောလုံးရာသီကMNLဖလားနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားရရှိခဲ့သော ရှမ်းယူနိုက်တက်အသင်း၏ မြန်မာလက်ရွေးစင်ဂိုးသမား သီဟစည်သူက ရရှိခဲ့ပါသည်။ တတိယဆုကို ရှမ်းယူနိုက်တက်အသင်း၏ မြန်မာလက်ရွေးစင်ကွင်းလယ်လူရန်နိုင်ဦးက ဆွတ်ခူးခဲ့ပါသည်။

ဆုများကို Eleven Media Group မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တာဝန်ရှိသူများက ချီးမြှင့်ခဲ့ပြီး ဆုရရှိခဲ့သည့် ကစားသမားများက ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြပါသည်။

Eleven Media Groupသည် စတင်တည်ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်မှ စတင်၍ မြန်မာ့အကောင်းဆုံးဘောလုံးသမားများကို နှစ်စဉ်
ရွေးချယ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ ပရိသတ်များနှင့် ပြင်ပမှအားကစားကလောင်ရှင်များ၏ ဆန္ဒမဲကိုကောက်ခံကာ အကောင်းဆုံးဘောလုံးသမားများကို ရွေးချယ်လျက်ရှိနေပါသည်။

အောင်သူမှာ မြန်မာအကောင်းဆုံး ဘောလုံးသမားဆုကို (၄)နှစ်ဆက်(၂၀၁၄၊ ၂၀၁၅၊၂၀၁၆၊ ၂၀၁၇) ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဆုအား အကြိမ်အများဆုံးဆု ရရှိသူအဖြစ် မှတ်တမ်းဝင်လျက်ရှိနေပါသည်။

Most Read

Most Recent