ကမ္ဘာ့ဖလားတွင် ဒီဘားလားနှင့် အီကာဒီကို အာဂျင်တီးနားရွေးချယ်မည်မဟုတ်

ကမ္ဘာ့ဖလားတွင် ဒီဘားလားနှင့် အီကာဒီကို အာဂျင်တီးနားရွေးချယ်မည်မဟုတ်
Published 24 March 2018

Photo:sportbible.com

အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ ဆမ်ပါအိုလီက ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် နာမည်ကြီးတိုက်စစ်မှူး ဒီဘားလား နှင့် အီကာဒီကို ရွေးချယ်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

စီးရီးအေကလပ်အသင်းများဖြစ်သည့် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတိုက် စစ်မှူး ဒီဘားလားနှင့် အီကာဒီသည် သက်ဆိုင်ရာကလပ်အသင်းများအတွက် ခြေစွမ်းပြကစားနေသော်လည်း လက်ရွေးစင်အသင်း တွင်မူ တစ်ဂိုးမျှမသွင်းနိုင်ဘဲ ရုန်းကန်နေရသည်။

ဒီဘားလား (၂၄ နှစ်) သည် အာဂျင်တီးနားအသင်းအတွက် ၁၂ ပွဲနှင့် အီကာဒီ (၂၅ နှစ်) က လေးပွဲ ပါဝင်ကစားဖူးသော်လည်း တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသောကြောင့် နည်းပြဆမ်ပါအိုလီက အီတလီ၊ စပိန်အသင်း တို့နှင့် ခြေစမ်းပွဲများအတွက် မရွေးချယ်ဘဲ ချန်လှပ်ထားခဲ့သည်။

အီတလီနှင့်ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ၂၃ ဦးစာရင်းတွင် ၎င်းတို့နှစ်ဦးကို ရွေးချယ်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဆမ်ပါအိုလီ က ''ဒီဘားလားက ကျွန်တော်တို့အသင်း ကစားပုံနဲ့အံဝင်ဖို့ မလွယ်ပါဘူး။ ကျွန်တော် တို့အနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်တိုးတက်လာ စေဖို့ မလုပ်ပေးနိုင်ပါဘူး။ လက်ရှိရွေးချယ် ထားတဲ့ကစားသမားတွေက ပေါ်လို (ဒီဘား လား) ထက် ပိုကောင်းသလား ဒါမှမဟုတ် ပေါ်လိုနဲ့ အလုပ်တွေဆက်လုပ်ပြီး သူ့ရဲ့စွမ်း ဆောင်ရည်တိုးတက်လာအောင် လုပ်နိုင် မလားဆိုတာ ချင့်ချိန်ရပါတယ်။ အီကာဒီရဲ့ အခြေအနေကလည်း ဒီဘားလားနဲ့အလားတူ ပါပဲ။ အင်တာအတွက် အီကာဒီရဲ့ စွမ်းဆောင် ရည်နဲ့ အာဂျင်တီးနားအတွက် စွမ်းဆောင် ရည် နှိုင်းယှဉ်ကြည့်တဲ့အခါ အကောင်းဆုံး မဟုတ်ဘူးဆိုတာ တွေ့ရမှာပါ။ ကျွန်တော်တို့ အလုပ်တွဲလုပ်ဖို့မလွယ်ဘူးလို့ ခံစားမိပါတယ်။ အသင်းနဲ့အံဝင်ဖို့ အချိန်ပေးနိုင်မယ်ဆိုရင် သူ့ကို ချန်ထားမှာမဟုတ်ပါဘူး''ဟု ဖြေကြားသည်။

ဆမ်ပါအိုလီသည် ၎င်းတို့နေရာတွင် ပါဗွန် (ဘိုကာဂျူနီယာ) နှင့် မာတီနက်ဇ် (ရေးဆင်း)တို့ကို အစားထိုးရွေးချယ်ထားသည်။

Most Read

Most Recent