မြားပစ်ကစားသမားများ လေ့ကျင့်ရာတွင် အခက်အခဲများရှိနေ

မြားပစ်ကစားသမားများ လေ့ကျင့်ရာတွင် အခက်အခဲများရှိနေ
Published 16 August 2017

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြားပစ်ကစားသမားများသည် လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်းသိရသည်။

မလေးရှားနိုင်ငံ၏ ရာသီဥတုမှာ မိုးရွာသွန်းခြင်း ပုံမှန်မရှိသည့်အနေအထားကြောင့်  မြန်မာမြားပစ်ကစားသမားများနှင့် အခြားကစားသမားများမှာ လေ့ကျင့်ရာတွင် အခက်တွေ့နေကြခြင်းဖြစ်သည်။ သြဂုတ်(၁၄)ရက်နှင့် (၁၅)ရက်(ယနေ့)လေ့ကျင့်မှုများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်နိုင်သည့် အနေအထား ရှိသောကြောင့် လေ့ကျင့်မှုရပ်နားရခြင်းများ ရှိကြောင်းသိရသည်။

Most Read

Most Recent