<

မိုင် ၇၀၀၀ ခရီးကို လေယာဉ်သုံးဆင့်ဖြင့် နာရီ ၃၀ ကြာ ဂါရတ်ဘေးလ် သွားခဲ့ရ

Photo: Daily Mail

ဝေးလ်စ်လက်ရွေးစင်အသင်း တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်သည် တရုတ်ဖလားပြိုင်ပွဲကျင်းပမည့် နန်နင်းမြို့သို့ မိုင် ပေါင်း ၇၀၀၀ ကျော်ခရီးကို လေယာဉ်သုံးဆင့်ဖြင့် နာရီ ၃၀ ကျော်ကြာ သွားရောက်ခဲ့ရကြောင်း သိရသည်။

ဘေးလ်သည် မတ် ၁၈ ရက်တွင် ညပိုင်းတွင် ရီးယဲလ်မက်ဒရစ်နှင့် ဟီရိုနာအသင်းတို့ ကစားသည့်ပွဲ၌ မိနစ် ၉၀ ပြီးဆုံးချိန်အထိပါဝင် ကစားခဲ့ပြီး ဗြိတိန်စံတော်ချိန် ည ၁၁ နာရီခွဲတွင် မက်ဒရစ်မြို့မှ အင်္ဂလန်နိုင်ငံ လူတန်မြို့သို့ သီးသန့်လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။

ထို့နောက် ဘေးလ်သည် လန်ဒန်မြို့အနောက်တောင်ပိုင်းရှိ ရစ်ခ်ျမွန်းမြို့သို့ ကားဖြင့်သွား ရောက်၍ ဟိုတယ်၌ ညအိပ်ခဲ့သည်။ မတ် ၁၉ ရက် ဗြိတိန်စံတော်ချိန် နံနက် ၁၁ နာရီခွဲ တွင် ဟိသ်ရိုးလေဆိပ်မှ တရုတ်နိုင်ငံ ကွမ်ကျိုး မြို့သို့ ထွက်ခွာရာ ည ၁၀ နာရီတွင် ရောက်ရှိခဲ့ပြီး ခေတ္တအနားယူပြီးနောက် မတ် ၂၀ ရက် နံနက် ၂ နာရီခွဲတွင် ကွမ်ကျိုးမှတစ်ဆင့် နန်နင်းမြို့သို့ ဆက်လက်သွားရောက်ခဲ့သည်။

နန်နင်းလေဆိပ်သို့ ဗြိတိန်စံတော်ချိန် နံနက် ၄ နာရီတွင် ရောက်ရှိခဲ့ပြီး ဝေးလ်စ်အသင်း ရှိရာဟိုတယ်သို့ ကားဖြင့် တစ်နာရီကြာသွား ရောက်ပြီးနောက် နှစ်နာရီကျော်သာ အနားယူ၍ အသင်းဖော်များနှင့် စတင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ဘေးလ်သည် ၇၀၄၃ မိုင်ကွာဝေးသည့် ခရီးစဉ်ကို နာရီ ၃၀ ကျော်ကြာသွားရောက်ခဲ့ရသဖြင့် ခရီးပန်းသည့်ဒဏ်ခံစားရဖွယ်ရှိပြီး ဆီမီးဖိုင်နယ်ပွဲအဖြစ် အိမ်ရှင်တရုတ်အသင်းနှင့် ယနေ့ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။

March 22, 2018














Copy Protected by Chetan's WP-Copyprotect.