ယာယာတိုရေးထံမှ အကြောင်းကြားမှုမရှိသေးဟု အိုင်ဗရီကို့စ် ကြေညာ

ယာယာတိုရေးထံမှ အကြောင်းကြားမှုမရှိသေးဟု အိုင်ဗရီကို့စ် ကြေညာ
Published 22 March 2018

 

 

Photo: Daily Mail

ယခုရက်ပိုင်းအတွင်း ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲအတွက် အသင်းခေါင်းဆောင်ဟောင်း ယာယာတိုရေးထံမှ အကြောင်းကြားမှုမရှိသေးကြောင်း အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ် (FIF) က အတည်ပြုထုတ်ပြန်သည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် မန်စီးတီးအသင်း ကွင်းလယ်လူ ယာယာတိုရေးသည် ၂၀၁၅ အာဖရိကနိုင်ငံများဖလား ချန်ပီယံ အိုင်ဗရီကို့စ်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သည်။

၎င်းသည် ဒီဇင်ဘာတွင် လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားမည်ဟု ကြေညာခဲ့သောကြောင့် အိုင်ဗရီကို့စ်အသင်းယာယီနည်းပြ ကာမာရာက တိုဂို၊ မော်လ်ဒိုဗာအသင်းတို့နှင့် ကစားမည့် ခြေစမ်းပွဲအတွက် ထည့်သွင်းရွေးချယ် ထားသော်လည်း ပြင်သစ်နိုင်ငံ၌ပြုလုပ်နေသည့် လေ့ကျင့်မှုအစီအစဉ်သို့ လာရောက် ပူးပေါင်းမှုမရှိသေးခြင်းဖြစ်သည်။

သို့ဖြစ်ရာ FIF က "အိုင်ဗရီကို့စ်နည်းပြအဖွဲ့အနေနဲ့ ၂၀၁၅ အာဖရိကနိုင်ငံများဖလား ချန်ပီယံအသင်းရဲ့ အသင်းခေါင်းဆောင်ဆီက ဘာသတင်းမျှမရသေးပါဘူး" ဟု ထုတ်ပြန်ထားသည်။ ယာယာတိုရေးသည် အိုင်ဗရီကို့စ် အသင်းအတွက် ပွဲ ၁၀၀ ကစား ၁၉ ဂိုးသွင်းယူပေးထားပြီး ၂၀၁၅ အာဖရိကနိုင်ငံများဖလား ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။

Most Read

Most Recent