အယ်လ်ဒါဝီရယ်လ်အား ဥရောပ အသင်းကြီးများ စိတ်ဝင်စား

အယ်လ်ဒါဝီရယ်လ်အား ဥရောပ အသင်းကြီးများ စိတ်ဝင်စား
Published 22 March 2018

 

Photo: Getty Images

 

လာမည့်နွေရာသီတွင် စပါးအသင်းမှ ထွက်ဖွယ်ရှိသော ဘယ်လ်ဂျီယံနောက်ခံလူ အယ်လ်ဒါဝီရယ်လ်အားခေါ်ယူရန် ဘာစီလိုနာ၊ PSG ၊ မန်ယူအစရှိသော ဥရောပအသင်း ကြီးများက အပြိုင်စိတ်ဝင်စားနေကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။

အယ်လ်ဒါဝီရယ်လ်သည် ၂၀၁၉ နွေရာသီတွင် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး အသင်းနှင့် စာချုပ်သစ်အတွက် ဆွေး နွေးနေရာ သဘောတူညီမှုမရသေးပေ။

အကယ်၍ အသင်းမှ ၎င်းထွက်ခွာမည်ဆိုပါက စပါးအသင်းနည်းပြ ပိုချက်တီနိုအနေဖြင့် တားဆီးဖွယ်မရှိကြောင်း သိရှိရသည်။

Most Read

Most Recent