ဒေ့ါမွန်နည်းပြဟောင်း တူဟယ်လ်ကိုဘီလ်ဘာအို ပစ်မှတ်ထားနေ

ဒေ့ါမွန်နည်းပြဟောင်း တူဟယ်လ်ကိုဘီလ်ဘာအို ပစ်မှတ်ထားနေ
Published 21 March 2018

 

Photo: Bild

 

ဘီလ်ဘာအိုအသင်းသည် လာမည့်ရာသီတွင် နည်းပြသစ်တစ်ဦး ခန့်အပ်ရန် စီစဉ်နေပြီး ဒေါ့မွန်နည်းပြဟောင်း တူဟယ်လ်ကို ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။

ဘီလ်ဘာအိုအသင်းသည် ယခုရာသီတွင် ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် မှ ထွက်ခဲ့ရပြီး လာမည့်ရာသီ ဥရောပဝင်ခွင့်ရရန် မျှော်လင့်ချက်နည်းပါးနေရာ တာဝန်ရှိသူများက လက်ရှိအသင်းနည်းပြ ဇီဂန်ဒါ၏ စွမ်းဆောင်မှုများအပေါ် အားမရဖြစ်နေသည်။

သို့ဖြစ်ရာ လာမည့်ရာသီတွင် နည်းပြအပြောင်းအလဲလုပ်ရန် စီစဉ်နေပြီး တူဟယ်လ်အပြင် လီဟာနက်စ်အသင်းနည်းပြ ဂါရီတာနိုကိုလည်း ပစ်မှတ်ထားနေကြောင်း AS သတင်း စာကဖော်ပြခဲ့သည်။

Most Read

Most Recent