နည်းပြ ဆာခရစ္စတန်ကို ဆိုစီဒက်အသင်း ရာထူးမှ ထုတ်ပယ်

နည်းပြ ဆာခရစ္စတန်ကို ဆိုစီဒက်အသင်း ရာထူးမှ ထုတ်ပယ်
Published 21 March 2018

 

 

ဆိုစီဒက်အသင်းသည် အသင်းနှင့် (၂)နှစ်ခွဲနီးပါး လက်တွဲခဲ့သည့် နည်းပြအူဆီဘီယိုဆာခရစ္စတန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်းသိရသည်။

ဆိုစီဒက်အသင်းသည် နောက်ဆုံးကစားခဲ့သော လာလီဂါ(၆)ပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၁၅)နေရာ၌ ရပ်တည်နေသဖြင့် ဆာခရစ္စတန်ကို ရာထူးမှထုတ်ပယ်ရန် ဆိုစီဒက်အသင်းတာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆာခရစ္စတန်အပြင် အားကစားဒါရိုက်တာဖြစ်သူ လော်ရန်ဇိုဟူအာရော့စ်မှာလည်း ရာထူးမှထုတ်ပယ်ခံခဲ့ရ ကြောင်းသိရသည်။ ဆိုစီဒက်အသင်းကို လူငယ်အသင်း နည်းပြဖြစ်သူ အယ်လ်ဂွါစီက ရာသီကုန်အထိ ယာယီကိုင် တွယ်သွားမည်ဖြစ်သည်။

Most Read

Most Recent