လေ့ကျင့်ရေးကွင်းအတွက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နှင့် စပါးအသင်း သဘောတူညီမှုရယူ

လေ့ကျင့်ရေးကွင်းအတွက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နှင့် စပါးအသင်း သဘောတူညီမှုရယူ
Published 20 March 2018

Photo:KSS

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကြိုတင်လေ့ကျင့်မှုများနှင့်ပတ်သက်၍ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းနှင့် သဘောတူညီမှုရယူခဲ့ ကြောင်း သိရှိရသည်။

ဘရာဇီးလ်လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အင်္ဂလန်တွင် လေ့ကျင့်မှုများပြုလုပ်ရန်နှင့် ခြေစမ်းပွဲများ ယှဉ် ပြိုင်ကစားသွားရန် စီစဉ်ထားပြီး ယင်းကာလအတွင်း စပါးအသင်း၏ လေ့ကျင့်ရေးကွင်း နှင့် လေ့ကျင့်ရေးပစ္စည်းများကို အသုံးပြုရန် သဘောတူညီမှု ရယူခဲ့ခြင်းလည်းဖြစ်သည်။

ဘရာဇီးလ်အသင်းသည် မေလ(၂၈)ရက်နေ့တွင် လန်ဒန်မြို့၌ လေ့ကျင့်မှုစတင်ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လ(၃)ရက်နေ့တွင် ခရို အေးရှား၊ ဇွန်လ(၁၀)ရက်နေ့တွင် သြစတြီးယားအသင်းတို့နှင့် ခြေစမ်းသွားမည်ဖြစ်သည်။

ထို့ပြင် ညှိနှိုင်းမှုများ အဆင်ပြေခဲ့ပါက အင်္ဂလန်မြေတွင် ခြေစမ်းပွဲတစ်ပွဲထပ်မံကစားရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်း ဘရာ ဇီးလ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာ ခဲ့သည်။

Most Read

Most Recent