လေ့ကျင့်ရေးကွင်းကို အက်စ်တိုရီဟု ဖီအိုရင်တီးနား အမည်ပြောင်း

လေ့ကျင့်ရေးကွင်းကို အက်စ်တိုရီဟု ဖီအိုရင်တီးနား အမည်ပြောင်း
Published 20 March 2018

ဖီအိုရင်တီးနားအသင်းသည် ၎င်းတို့၏ လေ့ကျင့်ရေးကွင်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ဆုံးပါးသွားခဲ့သည့် အသင်းခေါင်းဆောင် အက်စ်တိုရီ၏အမည် ပြောင်းလဲမှည့်ခေါ်လိုက်ကြောင်း သိရှိရသည်။

ဖီအိုရင်တီးနားအသင်းခေါင်းဆောင် အက်စ်တိုရီသည် ယခုလအစောပိုင်းတွင် အသက်(၃၁)နှစ်အရွယ်၌ နှလုံးရောဂါဖြင့် ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းဝတ်ဆင်ခဲ့သည့် ကျောနံ ပါတ်(၁၃)ကိုလည်း ဖီအိုရင်တီးနားအသင်းက အနားပေးခဲ့သည်။

ယခုအခါ လေ့ကျင့်ရေးကွင်း ကို '' Centro Sportivo Davide Astori'' ဟု အမည်ပေး၍ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent