လီဝန်ဒေါစကီးကို ရီးယဲလ် သဘောတူညီမှုရရှိထားပြီဟု သတင်းထွက်

လီဝန်ဒေါစကီးကို ရီးယဲလ် သဘောတူညီမှုရရှိထားပြီဟု သတင်းထွက်
Published 20 March 2018

ရီးယဲလ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဝန်ဒေါစကီးကို လာမည့် နွေရာသီတွင်ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ် လာခဲ့သည်။

ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် PSG မှ နေမာ၊ စပါးမှ ဟာရီကိန်းတို့ကို ဦးစား ပေးကြိုးစားသွားမည်ဖြစ်သော်လည်း

ယင်းကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါက လီဝန် ဒေါစကီးကိုခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်းနှင့်ရော ကစားသမားနှင့်ပါ သဘောတူညီမှုရယူ ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

လီဝန်ဒေါစကီးကလည်း ဘိုင်ယန်မြူးနစ်နှင့်လမ်းခွဲ၍ အသင်း သစ်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent