မန်ယူကစားသမားအချို့ ပရော်ဖက်ရှင်နယ်ပီသခြင်းမရှိခဲ့ဟု ဗန်ဟားလ် စွပ်စွဲ

မန်ယူကစားသမားအချို့ ပရော်ဖက်ရှင်နယ်ပီသခြင်းမရှိခဲ့ဟု ဗန်ဟားလ် စွပ်စွဲ
Published 20 March 2018

မန်ယူအသင်းနည်းပြဟောင်း ဗန်ဟားလ်က သူ၏လက်ထက်တွင် မန်ယူကစားသမားအချို့မှာ ပရော်ဖက်ရှင်နယ် ပီသခြင်းမရှိခဲ့ဟု စွပ်စွဲခဲ့သည်။

ဗန်ဟားလ်သည် မန်ယူကစားသမားများအား Email ဖြင့် မှာကြားမှုများ ပြုလုပ်လေ့ရှိပြီး အချို့ကစားသမားများမှာ အမှန်တကယ်ဖတ်ရှုခြင်းမရှိဘဲ ဖတ်ရှုပြီးဟန် ဆောင်ခဲ့ကြကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရသည်။

သို့ရာတွင် Email များကို ဖွင့်ဖတ်ခြင်းရှိ၊ မရှိ သိရှိနိုင်စေရန် နည်းပညာအကူအညီဖြင့် ဖန်တီးထားခဲ့ရာ ဗန်ဟားလ်က ဖတ်ရှုခြင်းမရှိသေးသူများကို သိရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent