မြန်မာအမျိုးသမီးဘောလုံးအသင်း တိုက်စစ်မှူး ခင်မိုးဝေနှင့် တွေ့ဆုံခြင်း

မြန်မာအမျိုးသမီးဘောလုံးအသင်း တိုက်စစ်မှူး ခင်မိုးဝေနှင့် တွေ့ဆုံခြင်း
Published 15 August 2017

'အဖွင့်ပွဲကစားရမယ့် ထိုင်းအသင်းက ခံစစ်ပိုင်း အားနည်းချက်ရှိပါတယ်'

မေး - ထိုင်းနဲ့ အဖွင့်ပွဲအပါအဝင် ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလား။

ဖြေ - နည်းပြ သင်ကြားထားတဲ့အတိုင်း ပြင်ဆင်ပြီးသွားပါပြီ။ လိုအပ်ချက်တချို့ ရှိသေးပေမယ့် အကောင်းဆုံး အနေအထားတော့ ရနေပါပြီ။ တစ်သင်းလုံး စည်းစည်းလုံးလုံးနဲ့ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ထိုင်းနဲ့ပွဲ အပါအဝင် ပွဲတိုင်းအတွက် အဆင်သင့်ဖြစ်နေပါပြီ။

 

မေး - ထိုင်းနဲ့ကစားရမယ့် အဖွင့်ပွဲအပေါ် ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ - ထိုင်းအသင်းဟာ အသင်းကောင်းတစ်သင်းပါ။ ထိုင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် သူတို့မှာလည်း အားနည်းချက်ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ခံစစ်ပိုင်းအားနည်းချက် ရှိပါတယ်။ ရှေ့ လယ်၊ နောက် ဟန်ချက်ညီမယ်ဆိုရင် ထိုးဖောက်လို့ရမှာပါ။ တိုက်စစ် ဆင် ဂိုးသွင်းလို့ ရနိုင်မှာပါ။

 

မေး - အရင်တုန်းက ဘယ်တောင်ပံမှာ ကစားခဲ့ရပြီး အခုတိုက်စစ်မှူးအဖြစ် ကစားနေရတော့ ကစားရတာ အဆင်ပြေရဲ့လား။

ဖြေ - နှစ်နေရာစလုံး ကစားရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးအဖြစ် ကစားရတာ ပိုပြီးကြိုက်ပါတယ်။ အခွင့်အရေးရတိုင်း ဂိုးသွင်းနိုင်ဖို့ ကြိုးစားသွားမှာပါ။

 

မေး - အခုဆီးဂိမ်းစ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်မယ်လို့ ထင်ပါသလား။

ဖြေ - ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ အားလုံးမျှော်လင့်ထားပါတယ်။ အောင်မြင်မှုရဖို့လည်း အားလုံးကြိုးစားနေပါတယ်။ ပတ်လည်စနစ်နဲ့ ကစားရမှာဖြစ်တာကြောင့် ပိုပြီးကြိုးစားရနိုင်ပါတယ်။ ရွှေဆုရမယ်လို့ ယုံကြည်ချက် အပြည့်ရှိပါတယ်။

Most Read

Most Recent