အက်ရှ်လေယန်းကို မန်ယူအသင်း ၂၀၁၉ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုး

အက်ရှ်လေယန်းကို မန်ယူအသင်း ၂၀၁၉ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုး
Published 20 March 2018

Photo: Getty Images

မန်ယူအသင်းသည် အသက်(၃၂)နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမား အက်ရှ်လေယန်းကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။

အက်ရှ်လေယန်းသည် ယခုနွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ခြေစွမ်းပြနေဆဲဖြစ်သည့်အတွက် တစ်နှစ်သက်တမ်းတိုးရန် မန်ယူအသင်းတာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အက်ရှ်လေယန်းသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံပွဲ(၃၀)ပါဝင်ကစားပေးထားပြီး ယခင်က တောင်ပံကစားသမားဖြစ်သော်လည်း လက်ရှိအချိန်၌ နောက်တန်းအစွန်လူအဖြစ် ကစားနေရသည်။

အက်ရှ်လေယန်းသည် နယ်သာလန်၊ အီတလီအသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ပြန်လည်ခေါ်ယူခြင်းခံထားရသည်။

Most Read

Most Recent