နိုင်လိုစိတ်အပြည့်ဖြင့် ထိုင်းကိုအနိုင်ရရန် ကြိုးပမ်းမည်ဟု ဂိုးသမားမြဖူးငုံ ပြောကြား

နိုင်လိုစိတ်အပြည့်ဖြင့် ထိုင်းကိုအနိုင်ရရန် ကြိုးပမ်းမည်ဟု ဂိုးသမားမြဖူးငုံ ပြောကြား
Published 15 August 2017

မြန်မာအမျိုးသမီးအသင်း၏ ဂိုးသမား မြဖူးငုံ (Photo - CN)

 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ဂိုးသမားဖြစ်သူ မြဖူးငုံက ဆီးဂိမ်းစ်အဖွင့်ပွဲ ထိုင်းနှင့် ပွဲစဉ်တွင် နိုင်လိုစိတ်အပြည့်ဖြင့် အနိုင်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြဖူးငုံက အသင်းက အရင်ကထက် အများကြီးတိုးတက်လာပါတယ်။ အသင်းရဲ့အနေအထားအပေါ် ရာနှုန်းပြည့်အားရကျေနပ်ပါတယ်။ အသင်းအားလုံးက အနိုင်ရဖို့ ကြိုးစားမှာဖြစ်တာကြောင့် ပွဲတိုင်းကို သတိထားပြီး ကစားရမှာပါ။ အမျိုးသမီးကစားသမားတွေ မှာ မခံချင်စိတ်နဲ့ ကြိုးစားတဲ့စိတ်၊ အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓါတ်တွေရှိပါတယ်။ နိုင်လိုစိတ်အပြည့်နဲ့ပဲ ထိုင်းကိုအနိုင်ရဖို့ ကြိုးစားမှာပါ ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ယနေ့ နေ့လည်(၂)နာရီခွဲတွင် ကစားမည်ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent