ဖလား(၃)လုံးအောင်ပွဲကို မျှော်လင့်နေကြခြင်းအတွက် မစိုးရိမ်ဟု ဗယ်လ်ဗာဒီ ဆို

ဖလား(၃)လုံးအောင်ပွဲကို မျှော်လင့်နေကြခြင်းအတွက် မစိုးရိမ်ဟု ဗယ်လ်ဗာဒီ ဆို
Published 20 March 2018

Photo: EFE

ဘာစီလိုနာအသင်း၏နည်းပြ ဗယ်လ်ဗာဒီက ၎င်းတို့အပေါ် ဖလား(၃)လုံးအောင်ပွဲ ရယူနိုင်သည့်အသင်းအဖြစ် ပရိသတ်များက မျှော်လင့်လာကြသည့်အတွက် စိုးရိမ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် လာလီဂါပြိုင်ပွဲတွင် ဒုတိယနေရာမှ အက်သလက်တီကိုအသင်းကို (၁၁)မှတ်ဖြတ်ကာ ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

ထို့ပြင် စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း နောက်ဆုံးဗိုလ်လုပွဲသာ ယှဉ်ပြိုင်ကစားရန် ကျန်ရှိတော့သောကြောင့် ဖလား(၃)လုံးအောင်ပွဲ ရယူနိုင်သည်ဟု ယူဆလာကြခြင်းဖြစ်သည်။

ဗယ်လ်ဗာဒီ မတိုင်မီ ဘာစီလိုနာအသင်း၏နည်းပြဟောင်းများဖြစ်သော ဂွါဒီယိုလာနှင့် လူးဝစ်အင်းနရစ်တို့မှာလည်း ပထမဆုံးကိုင်တွယ်သည့်ရာသီများတွင် ယခုဆုဖလား(၃)မျိုးကို ဘာစီလိုနာအသင်းအတွက် ရယူပေးနိုင်ခဲ့၍ ဗယ်လ်ဗာဒီကိုလည်း ၎င်းတို့ကဲ့သို့ စွမ်းဆောင်သွားနိုင်မည်လားဟု စောင့်ကြည့်နေကြသည်။

ယင်းအခြေအနေအပေါ် ဗယ်လ်ဗာဒီက "ကျွန်တော်တို့ကို ဖလား(၃)လုံး ရယူနိုင်တဲ့အသင်းအဖြစ် မျှော်လင့်လာကြတဲ့အတွက် ကျွန်တော် စိုးရိမ်စိတ်မဖြစ်မိပါဘူး။ သူတို့ပြောသလို ကျွန်တော်တို့မှာ အခွင့်အရေးရှိနေပါတယ်။ ဒါပေမဲ့ အဝေးကြီးလိုပါသေးတယ်။ လက်ကျန်ခရီးက အလွန်ကြမ်းတမ်းပါတယ်။ အာရုံစူးစိုက်မှုအပြည့်နဲ့ ဆက်လက်ဖြတ်သန်းသွားနိုင်ဖို့ လိုအပ်ပါတယ်" ဟုပြောကြားခဲ့သည်။

Most Read

Most Recent