စီရော်နယ်လ်ဒို ကစားသမားဘ၀ ဟက်ထရစ် အကြိမ်(၅၀)ပြည့်မြောက်

စီရော်နယ်လ်ဒို ကစားသမားဘ၀ ဟက်ထရစ် အကြိမ်(၅၀)ပြည့်မြောက်
Published 19 March 2018

ရီးယဲလ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဟီရိုနာကို (၆-၃)ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် အသင်းအတွက် (၄)ဂိုးသွင်းယူပြီးနောက် ကစားသမားသက်တမ်းတစ်လျှောက် ဟက်ထရစ်အကြိမ်(၅၀)ပြည့်မြောက်ခဲ့သည်။

စီရော်နယ်လ်ဒို၏ ဟက်ထရစ်များမှာ ကလပ်နှင့်နိုင်ငံအသင်းအတွက် သွင်းယူပေးခဲ့သည့် စုစုပေါင်းအရေအတွက်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်နှင့် (၄၄)ကြိမ်၊ ပေါ်တူဂီအသင်းနှင့် (၅)ကြိမ်၊ မန်ယူအသင်းနှင့် (၁)ကြိမ်ရှိခဲ့သည်။

ထို့ပြင် ယင်းအကြိမ်(၅၀)တွင် လာလီဂါတွင် (၃၄)ကြိမ်၊ ချန်ပီယံလိဂ်တွင် (၇)ကြိမ်၊ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် (၄)ကြိမ်၊ စပိန်ဘုရင့်ဖလားတွင် (၂)ကြိမ်၊ ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနှင့် ယူရိုခြေစစ်ပွဲများတွင် (၁)ကြိမ်စီရယူနိုင်ခဲ့သည်။

၎င်းအနေဖြင့် တစ်ပွဲတည်း (၅)ဂိုးသွင်းနိုင်မှု (၂)ကြိမ်အပါအဝင် တစ်ပွဲတည်း(၄)ဂိုးသွင်းနိုင်မှု (၉)ကြိမ်အထိရှိခဲ့ကြောင်း သိရသည်။

လက်ရှိရာသီတွင်မူ ပြိုင်ပွဲစုံ (၃၄)ဂိုးအထိသွင်းယူထားပြီး လာလီဂါတွင် (၂၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။

Most Read

Most Recent