ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ရုပ်သံမှ တိုက်ရိုက်ပြသနိုင်မည်မဟုတ်

ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ရုပ်သံမှ တိုက်ရိုက်ပြသနိုင်မည်မဟုတ်
Published 15 August 2017

Photo: upnixt

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်မဟုတ်ကြောင်း သိရသည်။

အမျိုးသမီး အုပ်စုပွဲများကို UiTM ကွင်းနှင့် UM ကွင်းတို့တွင် ကျင်းပမည် ဖြစ်ပြီး ကွင်းများ၏အနေအထားကြောင့် တိုက်ရိုက်ပြသမည့် ပြိုင်ပွဲအမျိုးအစားတွင် ပါဝင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။

ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) တို့သည် မြန်မာအမျိုးသား၊ အမျိုးသမီးအသင်းများအပါအဝင် အခြား ဧည့်သည်အသင်းများ၏ အုပ်စုတွင်း ပွဲစဉ်အချို့ကို ပရိသတ် ထောင်ဂဏန်းသာဝင်ဆံ့သည့် စံချိန်မမီသော UiTM ကွင်းနှင့် UM ကွင်း တို့တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent