မြန်မာ ယူ-၂၂ အသင်း၏ အုပ်စုပွဲ(၂)ပွဲအား ရုပ်သံမှ တိုက်ရိုက်ပြသနိုင်မည်မဟုတ်

မြန်မာ ယူ-၂၂ အသင်း၏ အုပ်စုပွဲ(၂)ပွဲအား ရုပ်သံမှ တိုက်ရိုက်ပြသနိုင်မည်မဟုတ်
Published 15 August 2017

Photo: europlan-online

မြန်မာ ယူ-၂၂ အသင်း ယှဉ်ပြိုင်ကစားမည့် အုပ်စုပွဲစဉ်များအနက် သြဂုတ် (၁၆) ရက်တွင် ယှဉ်ပြိုင်ကစားမည့် လာအိုအသင်းနှင့် အုပ်စုဒုတိယပွဲ၊ သြဂုတ် (၁၈) ရက်တွင်ယှဉ်ပြိုင်ကစားမည့် ဘရူနိုင်းအသင်းနှင့် အုပ်စုတတိယပွဲများအား ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့် ပြသနိုင်မည်မဟုတ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် Live ပြသမည့်ပွဲစဉ်များအား ထုတ်ပြန်ရာတွင် မြန်မာ-လာအို၊ မြန်မာ-ဘရူနိုင်းအသင်းတို့ပွဲများအား UiTM ကွင်းအနေအထားကြောင့် ပြသနိုင်မည်မဟုတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

"မြန်မာအသင်းရဲ့ အုပ်စုပွဲတိုင်းကို Live ပြသနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အိမ်ရှင်နိုင်ငံက မလွှင့်တာကြောင့် ပြသလို့မရနိုင်တော့ပါဘူး။ မလေးရှားနဲ့ နောက်ဆုံးပွဲကိုတော့ ကြည့်ခွင့်ရမှာပါ"ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent