မြန်မာ-စင်ကာပူပွဲကို မြန်မာပရိသတ် ၃၀၀၀ ကျော် လာရောက်အားပေး

မြန်မာ-စင်ကာပူပွဲကို မြန်မာပရိသတ် ၃၀၀၀ ကျော် လာရောက်အားပေး
Published 15 August 2017

သြဂုတ် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့၏ ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကို မြန်မာဘောလုံးပရိသတ် ၃၀၀၀ ကျော် လာရောက်အားပေးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာဘောလုံးပရိသတ်များသည် ယခုပွဲကို တစ်ခဲနက် လာရောက်အားပေးခဲ့ပြီး စင်ကာပူနှင့် မြန်မာနိုင်ငံမှ ပရိသတ်များမှာလည်း သွားရောက်အားပေးခဲ့သည်။ ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ထုတ်ပြန်မှုအရ ယင်းပွဲကို ပရိသတ် ၃၂၀၀ ကျော် လာရောက်အားပေးခဲ့ပြီး စင်ကာပူပရိသတ်မှာ အနည်းငယ်သာ ရှိခဲ့သည်။ မြန်မာဘောလုံးပရိသတ်များသည် မြန်မာအသင်း၏ ပွဲတိုင်းကို တစ်ခဲနက်အားပေးရန် စီစဉ်လျက်ရှိပြီး အမျိူးသမီးပြိုင်ပွဲကိုလည်း အားပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပနေသည့် မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အများအပြား သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိပြီး အချို့မှာ လုံခြုံရေး အနေအထားကြောင့် လာရောက်ကြည့်ရှုခြင်း မရှိပေ။ ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲကို သြဂုတ် ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုလက်ကျန်ပွဲများအဖြစ် သြဂုတ် ၁၆၊ ၁၈၊ ၂၁ ရက်တွင် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent