<

■ ၀ဲလ်ရှိုင်းယားအား အဲဗာတန် ပစ်မှတ်ထား

 

Photos: AFP, Guardian

 

အဲဗာတန်အသင်းသည် အာဆင်နယ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ ၀ဲလ်ရှိုင်းယားအား မြင့်မားသည့်လစာငွေဖြင့် ကမ်းလှမ်းရန်စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ၀ဲလ်ရှိုင်းယားအား စာချုပ်သက်တမ်းတိုးရန်စီစဉ်နေသော်လည်း လစာငွေညှိနှိုင်းမရဖြစ် နေ၍ ယနေ့အထိ စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။

အဲဗာတန်အသင်းသည် အာဆင်နယ်အသင်းကမ်းလှမ်းထားသည့် တစ်ပတ်လစာပေါင်(၉၀၀၀၀)ထက် များစွာပိုမိုသည့် လစာငွေတစ်ရပ်ဖြင့် ၀ဲလ်ရှိုင်းယားအား ကမ်းလှမ်းသွားမည်ဖြစ် ကြောင်း Mirror က ဖော်ပြခဲ့သည်။ အာဆင်နယ်နှင့် ၎င်းချုပ်ဆိုထားသောစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

March 14, 2018














Copy Protected by Chetan's WP-Copyprotect.