<

မိုရာတာ၏စွမ်းဆောင်ရည်ကို ကျေနပ်သည်ဟု ကွန်တီ ဆို

 

Photos:Metro

 

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက အသင်း၏ စပိန်တိုက်စစ်မှူး မိုရာတာ၏စွမ်းဆောင်ရည်ကို မိမိ ကျေနပ်အားရမှုအပြည့်ရှိသည်ဟု ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ် ဘာစီလိုနာ-ချယ်လ်ဆီးပွဲ အတွက်ပြုလုပ်သော ပွဲကြိုမီဒီယာတွေ့ဆုံမှု၌ မိုရာတာနှင့်ပတ်သက်၍ သတင်း ထောက်များက မေးမြန်းခဲ့ရာ ကွန်တီက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

” မိုရာတာဟာ ရီးယဲလ်၊ ဂျူဗင်တပ်စ်အသင်းတွေမှာ အရန်အဖြစ် ပွဲများစွာ လူစားထိုးကစားခဲ့ရပါတယ်။ သူဟာ ချယ်လ်ဆီးအသင်းအတွက် အရေးပါတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို စိတ်ရှည်ရှည်စောင့်ကြည့်ရမှာပါ” ဟု ကွန်တီက ပြောကြားခဲ့သည်။

March 14, 2018














Copy Protected by Chetan's WP-Copyprotect.