ဆီးရက်စ် နီဂရိုးကို နှစ်ကျော့စလုံးရှုံးနိမ့်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း AFC Cup တွင် အုပ်စုတက်ရန်အခွင့်အရေးနည်းပါး

ဆီးရက်စ် နီဂရိုးကို နှစ်ကျော့စလုံးရှုံးနိမ့်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း AFC Cup တွင် အုပ်စုတက်ရန်အခွင့်အရေးနည်းပါး
Published 15 March 2018

ဖိလစ်ပိုင် ကလပ် ဆီးရက်စ် နီဂရိုးအသင်းကို AFC Cup တွင် နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့သော ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ တက်ရန်အတွက် အခွင့်အရေးနည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။

Photo - ကောင်းထက်အောင်

ရှမ်းယူနိုက်တက်အသင်းသည် ဖိလစ်ပိုင် ကလပ် ဆီးရက်စ် နီဂရိုးအသင်းကို မတ်လ(၁၄)ရက်နေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် လက်ခံကစားခဲ့ပြီး (ဝ-၁)ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ရှမ်းယူနိုက်တက်အသင်းသည် ဖိလစ်ပိုင် ကလပ် ဆီးရက်စ် နီဂရိုးအသင်းနှင့် ယခုနှစ်ရာသီတွင် (၃)ကြိမ်မြောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး
(၃)ကြိမ်စလုံး ရှုံးနိမ့်ထားသည်။

Photo - ကောင်းထက်အောင်

ဆီးရက်စ် နီဂရိုးအသင်းသည် ပထမပိုင်းပွဲကစားချိန်အတွင်း ရရှိခဲ့သော ပယ်နယ်တီမှတဆင့် အနိုင်ရခဲ့ ခြင်းဖြစ်သည်။

Photo - ကောင်းထက်အောင်

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စု (F)တွင် စုစုပေါင်း(၄)ပွဲကစားထားရာ (၁)ပွဲနိုင်(၃)ပွဲရှုံး ရလဒ်ဖြင့် ရမှတ်(၃)မှတ်ရရှိထားပြီး အုပ်စုတွင်းအဆင့်(၃)နေရာတွင်ရပ်တည်လျက်ရှိသည်။

Photo - ကောင်းထက်အောင်

Most Recent