■ တောင်ကိုရီးယား စစ်မှုထမ်းဥပဒေကြောင့် ခြေစွမ်းပြနေသည့် ဆွန်ဟောင်မင်ကို စပါးအသင်းလက်လွှတ်ရဖွယ်ရှိ

■ တောင်ကိုရီးယား စစ်မှုထမ်းဥပဒေကြောင့် ခြေစွမ်းပြနေသည့် ဆွန်ဟောင်မင်ကို စပါးအသင်းလက်လွှတ်ရဖွယ်ရှိ
Published 15 March 2018

 

Photos: AFP

 

တောင်ကိုရီးယားနိုင်ငံ၏ စစ်မှုထမ်းဥပဒေကြောင့် စပါးအသင်းသည် ၎င်းတို့၏တောင်ပံကစားသမား ဆွန်ဟောင်မင်ကိုလက်လွှတ်ရဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ The Sun ကသုံးသပ်ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူ ယောက်ျားလေးများအနေဖြင့် အသက်(၂၈)နှစ်မပြည့််မီ (၂၁)လကြာစစ်မှုထမ်းရမည်ဖြစ်သည်။ သို့ဖြစ်ရာ အသက်(၂၅)နှစ်ရှိပြီဖြစ်သည့် ဆွန်ဟောင်မင်အနေဖြင့် လာမည့်(၃)နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ပြန်ကာ စစ်မှုထမ်းရဖွယ်ရှိနေခြင်းဖြစ်သည်။

အကယ်၍ စစ်မှုထမ်းရမည်ဆိုပါက ၎င်းအနေဖြင့် စပါးအသင်း၏ ၂၀၁၉-၂၀ ရာသီနှင့် ၂၀၂၀-၂၁ ရာသီများမှ ပွဲစဉ်အချို့ကိုလွဲချော်ရဖွယ်ရှိနေသည်။ သို့သော်တောင်ကိုရီးယား အစိုးရသည် ယခင်က ပြိုင်ပွဲကြီးများ၌ အစွမ်းပြခဲ့သည့် နိုင်ငံံ့ဂုဏ်ဆောင်အားကစားသမားအချို့ကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့သည့် သာဓကများရှိခဲ့ဖူးသည်။

သို့ဖြစ်ရာ ဆွန်ဟောင်မင်အနေဖြင့် စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရရှိနိုင်ရန် လာမည့်၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ခြေစွမ်းပြကစားရန် လိုအပ်နေသည်ဟုလည်း The Sun သတင်းစာကဖော်ပြခဲ့သည်။

တောင်ကိုရီးယားအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီ၊ဆွီဒင်၊မက္ကဆီကို အစရှိသည့်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

Most Read

Most Recent