■ ကြံရည်ဖန်ရည်မရှိသည့်အသင်းဟု မန်ယူအသင်းအား ဂရေမီဆောင်းနက်စ် ဝေဖန်

■ ကြံရည်ဖန်ရည်မရှိသည့်အသင်းဟု မန်ယူအသင်းအား ဂရေမီဆောင်းနက်စ် ဝေဖန်
Published 15 March 2018

 

 

 

လီဗာပူးလ်အသင်း၏ဂန္ထဝင်ကစားသမားနှင့် နည်းပြဟောင်းဖြစ်သူ ဂရေမီဆောင်းနက်စ်က မန်ယူအသင်းမှာ ကြံရည်ဖန်ရည် မရှိသည့်အသင်းတစ်သင်းဟု ဝေဖန်ပြောကြားခဲ့သည်။

ဆီဗီလာအသင်းအား အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ၌ မန်ယူအသင်းမှာ ပြိုင်ဘက်ကို အနိုင်ရအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိရှိကြောင်း၊ အသင်းမှာ ပွဲကို အရှိန်မတင်ဘဲ ပုံမှန်အတိုင်း သာကစားခဲ့ကြောင်း ဆောင်းနက်စ်က အိုင်ယာလန်ရုပ်သံ TV3 တွင် ဝေဖန်ပြောကြားခဲ့သည်။

"မန်ယူအသင်းဟာ ပွဲကို အရှိန်မတင်ဘဲ ကစားခဲ့ပါတယ်။ ဆီဗီလာအသင်းက ဂိုးမသွင်းခင်အချိန်ထိ သူတို့(မန်ယူအသင်း)လုံးဝအရှိန်မတင်ခဲ့ပါဘူး။ သူတို့မှာ အရှိန်တင်ဖို့ ဂီယာတံတွေ ပျောက်ဆုံးနေသလိုပါပဲ။ ပွဲအနိုင်ရအောင် ဘယ်လိုကြံဖန်ပြီးကစားရမလဲဆိုတာလည်း မသိခဲ့ကြပါဘူး" ဟု ဆောင်းနက်စ်က ဝေဖန်ပြောကြားခဲ့သည်။

Most Read

Most Recent