■ ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း မာတီဆက်ကာ အတည်ပြုကြေညာ

■ ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း မာတီဆက်ကာ အတည်ပြုကြေညာ
Published 15 March 2018

 

 

 

 

 

အာဆင်နယ်အသင်း၏ ဂျာမနီလက်ရွေးစင်နောက်ခံလူဟောင်း မာတီဆက်ကာက ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ အသက်(၃၃)နှစ်အရွယ်ရှိပြီ ဖြစ်သူ မာတီဆက်ကာက သူ၏ခန္ဓာကိုယ်မှာ ဘောလုံးဆက်ကစားရန် အခြေအနေမပေးတော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မာတီဆက်ကာသည် အာဆင်နယ်အသင်း၏ နည်းပြအဖွဲ့တွင် ပါဝင်သွားမည်ဖြစ်ပြီး အာဆင်နယ်အကယ်ဒမီ၌ နည်းပြတစ်ဦးအဖြစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီလက်ရွေးစင်အသင်း၏ အသင်းသားတစ်ဦးဖြစ်ခဲ့သူ မာတီဆက်ကာသည် ၂၀၁၁ ခုနှစ်တွင် အာဆင်နယ်အသင်း၌ စတင်ကစားခဲ့ပြီး ပွဲပေါင်း(၂၂၀)ကစားပေးခဲ့သည်။ သို့သော် သူ့အနေဖြင့် နောက်ဆုံး(၂)ရာသီအတွင်း အသင်း ၌ နေရာပျောက်ဆုံးလာပြီး စုစုပေါင်း ကစားသည့်ပွဲမှာ (၁၃)ပွဲသာရှိခဲ့သည်။

မာတီဆက်ကာက ဂျာမန်သတင်းစာ Der Spiegel သို့ " ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ အတော်များများကတော့ ကျွန်တော့်ကို နောက်ဆုံးတစ်နှစ်ဆက်ကစားဖို့ တိုက်တွန်းကြပါတယ်။ ကျွန်တော့်အတွက်ကတော့ ကစားတာထက် ထိုင်နေရတာက ပိုကောင်းပါတယ်။ တစ်ခါတစ်ရံ ပွဲကစားရတဲ့အချိန်မှာ ကျွန်တော့်အတွက် ကိုယ်ရောစိတ်ပါ ဖိအားတွေ ခံစားရ လေ့ရှိပါတယ်။ တစ်ခါတစ်ရံ အစာအိမ်က မခံမရပ်နိုင်ဖြစ်ပြီး အန်တာမျိုးတွေ ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent