<

■ အသင်းနည်းပြ အလန်ပါဂျူးကို ၀က်စ်ဘရွန်း ထုတ်ပယ်ဖွယ်မရှိ

 

 

Photo: TBN Sport

 

ဝက်စ်ဘရွန်းအသင်းသည် အသင်းနည်းပြ အလန်ပါဂျူးအား ရာထူးမှထုတ်ပယ်ရန် စဉ်းစားလိမ့်မည်မဟုတ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

အကယ်၍ ပါဂျူးအား ရာသီမကုန်မီ ထုတ်ပယ်ပါက ၀က်စ်ဘရွန်းအသင်းသည် လျော်ကြေးငွေ ပေါင်တစ်သန်းခန့် ကုန်ကျနိုင်ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ယခုနှစ် ဇူလိုင်လရောက်မှသာ နည်းပြအပြောင်းအလဲအတွက် စဉ်းစားဖွယ်ရှိကြောင်း သိရသည်။ ပါဂျူးသည် ပြီးခဲ့သည့် ၂၀၁၇၊ နိုဝင်ဘာလက အသင်းအား စတင်တာဝန်ယူခဲ့ပြီး သူ၏လက်ထက်တွင် ပရီးမီးယားလိဂ်နိုင်ပွဲတစ်ပွဲသာရရှိထားသည်။

March 14, 2018














Copy Protected by Chetan's WP-Copyprotect.