■ စတိဗ်ဝက်ရှ်နှင့် အဲဗာတန် အသင်း လမ်းခွဲဖွယ်ရှိ

■ စတိဗ်ဝက်ရှ်နှင့် အဲဗာတန် အသင်း လမ်းခွဲဖွယ်ရှိ
Published 15 March 2018

 

Photo: The Times

 
 
အဲဗာတန်အသင်းသည် အသင်း၏ အားကစားဒါရိုက်တာ စတိဗ်ဝက်ရှ် နှင့် လမ်းခွဲဖွယ်ရှိနေကြောင်း Liverpool Echo သတင်းစာက ဖော်ပြခဲ့သည်။
 
အဲဗာတန်အသင်းတာဝန်ရှိသူများသည် နယ်သာလန်ကလပ် PSV အသင်း၏ အားကစားဒါရိုက်တာ မာဆယ်လ်ဘရန်းစ်ကို ဆက်သွယ်လျက်ရှိနေပြီး ၎င်းကို စတိဗ်ဝက်ရှ်နေရာ၌ အစားထိုးဖွယ်ရှိနေကြောင်း သိရသည်။
 
အဲဗာတန်အသင်းသည် ပြီးခဲ့သည့်နွေရာသီကာလအတွင်း ပေါင် သန်း(၂၀၀)နီးပါးသုံးစွဲကာ ကစားသမားသစ်များကို ခေါ်ယူခဲ့သော်လည်း အသင်းမှာ မျှော်မှန်းသလောက် ရလဒ်မကောင်းခဲ့ပေ။

Most Read

Most Recent