<

■ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

Photo: AFP

 

■ ဘက်ဆစ်တက် နှင့် ဘိုင်ယန်မြူးနစ် (၁၄-၃-၂၀၁၈) ဗုဒ္ဓဟူး ည ၁၁း၃၀ နာရီ

ပထမအကျော့မှာ (၅)ဂိုးပြတ်ထားတဲ့ပွဲက ဒီပွဲမှာ ဘယ်လို အပြောင်းအလဲကြီးကြီးမားမားမှ ဖြစ်လာမှာမဟုတ်ဘူး။ ဘက်ဆစ်တက်ရဲ့အုပ်စုတွင်းရလဒ်တွေက အထင်ကြီးစရာဆိုပေမယ့် လူစာရင်းကတော့ ဘိုင်ယန်မြူးနစ်အတွက် စိတ်လှုပ်ရှားစရာမရှိပါဘူး။ ဘိုင်ယန်မြူးနစ်ပဲ ထပ်နိုင်လိမ့်မယ်။

 

■ ဘာစီလိုနာ နှင့် ချယ်လ်ဆီး (၁၅-၃-၂၀၁၈) ကြာသပတေး နံနက် ၂း၁၅ နာရီ

ချယ်လ်ဆီးကွင်းမှာ (၁-၁) ကစားထားတာက ဘာစီလိုနာအတွက် Advantage အခြေအနေပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်လေ့ရှိတဲ့အစဉ်အလာရှိပြီး ချယ်လ်ဆီးကလည်း ဒုက္ခပေးနိုင်စွမ်းအပြည့်ရှိတဲ့အသင်းဆိုတာကို ပထမအကျော့တုန်းက သက်သေပြနိုင်ခဲ့တယ်။ ဘာစီလိုနာက ပိုကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ ဘာစီလိုနာ အရင်ကထက်စာရင် အားနည်းချက်တွေရှိလာတာလည်း ငြင်းလို့မရဘူး။ ဘာစီလိုနာရဲ့တိုက်စစ်ကစားပုံ နည်းနည်းကျသွားသလို၊ အထလေးတဲ့ ကွင်းလယ်နဲ့ ခံစစ်ကို ဟာဇက်-၀ီလီယံတို့က ဒုက္ခကောင်းကောင်းပေးနိုင်တယ်။ ဒါပေမဲ့ မဖြစ်မနေ သတိပြုရမယ့်အချက်က ဘာစီလိုနာမှာ မက်ဆီရှိနေတယ်။ မက်ဆီက မိနစ် (၉၀)လုံးလုံး ခြားနားမှုတစ်ခုခုကို လုပ်ပြနိုင်စွမ်းရှိသူဖြစ်တယ်။ ဘာစီလိုနာကွင်းမှာ ခပ်ကြမ်းကြမ်းကစားဖို့ကလည်း ချယ်လ်ဆီးအတွက် အခက်အခဲရှိတယ်။ ဘာစီလိုနာ (၂-၁)ဆိုတဲ့ ရလဒ်ကိုကြိုက်တယ်။

March 14, 2018














Copy Protected by Chetan's WP-Copyprotect.