w AFC Cup ပြိုင်ပွဲတွင် ရန်ကုန်အသင်း အဝေးကွင်း၌ ရှုံးပွဲကြုံတွေ့ - Eleven Media Group <

AFC Cup ပြိုင်ပွဲတွင် ရန်ကုန်အသင်း အဝေးကွင်း၌ ရှုံးပွဲကြုံတွေ့

Photo: AFC

၂၀၁၈ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု (G) စတုတ္ထနေ့ကို မတ် ၁၃ ရက်က ကျင်းပရာ မြန်မာကလပ် ရန်ကုန်အသင်းသည် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းကို အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ထန်ဟွာအသင်းနှင့် ဘာလီယူနိုက်တက်အသင်း၏ သရေပွဲကြောင့် ရန်ကုန်အသင်းသည် အဝေးကွင်း၌ အနိုင်ရလျှင် အာဆီယံဇုန်ဆီမီးဖိုင်နယ်သို့ စောစီးစွာ တက်ရောက်ခွင့်ရမည့်အခွင့်အရေးအား လက်လွှတ်ခဲ့ရပြီး AFC Cup ပြိုင်ပွဲတွင် နိုင်ပွဲဆက်မှုရပ်တန့်ကာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သည်။
ရန်ကုန်အသင်းသည် ဒဏ်ရာပြသာနာရှိနေသည့် ဂိုးသမားကျော်ဇင်ထက်နှင့် ကြည်လင်းကို ပွဲထွက်လူစာရင်းတွင် အသုံးမပြုဘဲ ပထမအကျော့အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းမှ (၁၀) ဦးအထိ ပြန်လည်အသုံးပြုခဲ့သည်။

Photo: AFC

ရန်ကုန်အသင်းသည် ပထမပိုင်းတွင် ပုံစံကောင်းပြသနိုင်ခြင်းမရှိဘဲ ပြည့်ဖြိုးဇော်နှင့် မောင်မောင်လွင်တို့၏ ကန်သွင်းမှုများကိုလည်း ဂလိုဘယ်ဂိုးသမားကာကွယ် နိုင်ခဲ့၍ ရန်ကုန်အသင်း ပထမပိုင်းတွင် ဂိုးပေါက်ပျောက်ဆုံးခဲ့သည်။ ဒုတိယပိုင်းတွင် ဂလိုဘယ် အသင်းက တိုက်စစ်ပိုမြှင့်လာခဲ့ပြီး မိနစ် ၈၀ တွင် ရောဘတ်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ရန်ကုန်အသင်းသည် ချေပဂိုးရရန် ကြိုးစားလာပြီး မိနစ် ၉၀ တွင် လူစားဝင်ကစားသမား ကြည်လင်း၏ ဖန်တီးပေးမှုမှတစ်ဆင့် မောင်မောင်လွင်က ခေါင်းတိုက်ကာ ချေပဂိုးပြန်သွင်းခဲ့သည်။ ရန်ကုန်အသင်းသည် သရေရလဒ်ကို ပွဲအပြီး ထိ ထိန်းနိုင်ခြင်းမရှိဘဲ ၉၀+၅ မိနစ်တွင် ပယ် နယ်တီပေးခဲ့ရသည်။ ယင်းပယ်နယ်တီကို တိုက်စစ်မှူးရူဖူက အမှားအယွင်းမရှိ ကန်သွင်း ခဲ့သောကြောင့် ဂလိုဘယ်အသင်း အနိုင်ဂိုးရ ခဲ့ခြင်းဖြစ်သည်။

Photo: AFC

အုပ်စု (G) အခြားပွဲတွင် ဗီယက်နမ် ကလပ် ထန်ဟွာနှင့် အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်တို့ ဂိုးမရှိသရေကျခဲ့သည်။ ယခုပွဲအပြီးတွင် ရန်ကုန်အသင်းက ကိုးမှတ် ဖြင့် ဆက်လက်ဦးဆောင်လျက်ရှိပြီး ဘာလီ ယူနိုက်တက်က ငါးမှတ်၊ ထန်ဟွာနှင့် ဂလိုဘယ် အသင်းက လေးမှတ်စီရထားသည်။ ရန်ကုန် အသင်းသည် ဧပြီ ၁၁ ရက်တွင် ဘာလီယူနိုက် တက်အသင်းနှင့် အိမ်ကွင်း ကစားရမည်ဖြစ် ပြီး ယင်းပွဲတွင် အနိုင်ရပါ က လက်ကျန်တစ်ပွဲ အလိုတွင် အုပ်စုပထမဖြင့် အာဆီယံဇုန် ဆီမီး ဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Photo-AFC

March 13, 2018














Copy Protected by Chetan's WP-Copyprotect.