<

ဟာရီကိန်းကို မန်စီးတီးက ချိတ်ဆက်နေပြီဟု ရီးယဲလ်ကို ဂျော့ခ်ျမန်ဒက်စ်သတိပေး

စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်း၏ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်က ၎င်း၏ ကစားသမားအား မန်စီးတီးအသင်းက ခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ်နေပြီဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် အသင်းကို သတိပေးခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဟာရီကိန်းအား ခေါ် ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေ သော်လည်း တရားဝင်ကြိုးပမ်းရန်အတွက် ကြန့်ကြာမှုများ ရှိနေသည်။

ယင်းအတွက်ကြောင့် ဂျော့ခ်ျမန်ဒက်စ်၏ ကုမ္ပဏီဖြစ်သည့် CAA Sports Agency က ရီးယဲလ်မက် ဒရစ်အသင်းအား ဟာရီကိန်းကို ခေါ်ယူရန် စိတ်ဝင်စားပါ က အလျင်အမြန်အကောင်အထည်ဖော်ရန် သတိပေး လိုက်ခြင်းလည်းဖြစ်သည်။

ဂွါဒီယိုလာအနေဖြင့် ဟာရီကိန်းကို ခေါ်ယူရန် ဆုံး ဖြတ်ထားပါက ပေါင်သန်း (၁၈၀) အထိ အသုံးပြုခွင့်ပေးရန် ခွင့်ပြုချက်ပေးလိုက်ပြီဟု ဗြိတိန်မီဒီယာများက ဖော်ပြနေ ကြသည်။

March 13, 2018














Copy Protected by Chetan's WP-Copyprotect.