မိမိနှင့် ကွန်တီတို့သည် ဘယ်တော့မှမိတ်ဆွေဖြစ်လာမည်မဟုတ်သော်လည်း ပြီးခဲ့သည့်ကိစ္စများကို ချန်ထားခဲ့ပြီးဖြစ်သည်ဟု မော်ရင်ဟို ပြောကြား

မိမိနှင့် ကွန်တီတို့သည် ဘယ်တော့မှမိတ်ဆွေဖြစ်လာမည်မဟုတ်သော်လည်း ပြီးခဲ့သည့်ကိစ္စများကို ချန်ထားခဲ့ပြီးဖြစ်သည်ဟု မော်ရင်ဟို ပြောကြား
Published 13 March 2018

Photo:PA

မန်ယူအသင်းနည်းပြ မော်ရင် ဟိုက မိမိနှင့် ချယ်လ်ဆီးအသင်းနည်း ပြ ကွန်တီတို့သည် ဘယ်တော့မှမိတ် ဆွေများဖြစ်လာမည်မဟုတ်သော်လည်း ပြီးခဲ့သည့်ကိစ္စများကို ချန်ထားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်ရင်ဟိုနှင့် ကွန်တီတို့သည် ယခုရာသီတွင် အပြန်အလှန်ပြစ်တင် ဝေဖန်မှုများကြောင့် တင်းမာမှုများရှိ ခဲ့ပြီး လွန်ခဲ့သည့် (၃)ပတ်ခန့်က မန် ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်နောက်ပိုင်းတွင်မူ အပြန်အလှန်ဝေဖန်မှုများမှာ ပြီးဆုံး သွားခဲ့ပြီဖြစ်သည်။

ယခုအချိန်တွင် La Domenica Sportiva က ၎င်းတို့၏ ဆက်ဆံရေးအခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ မော်ရင်ဟိုက ''ဒီအကြောင်းတွေကို ကျွန်တော်ပြန် မပြောချင်တော့ပါဘူး။ အန်တိုနီယိုနဲ့ ကျွန်တော်က ကိုယ်မှန်တယ်ထင်တဲ့ကိစ္စတွေကို လုပ်ခဲ့ကြတာပါပဲ။ ပြဿနာတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒါတွေကိုမေ့ပစ်လိုက် ကြပြီဖြစ်ပြီး မော်ရင်ဟိုဟာ မော်ရင်ဟိုပဲ၊ ကွန်တီဟာ ကွန်တီပဲဆိုတာကို ပြသခဲ့ပြီးပြီလို့လည်း ကျွန်တော်ထင်ပါတယ်။ သူက ချယ်လ်ဆီးနည်းပြဖြစ် ပြီး ကျွန်တော်က မန်ယူနည်းပြပါ။ ဒီ အနေအထားကို ကျွန်တော်တို့ လေးစားမှုမရှိခဲ့ကြပါဘူး။ ဒါပေမဲ့ အခုတော့ သူနဲ့ ကျွန်တော်ဟာ မိတ်ဆွေတွေဖြစ် မလာနိုင်ပေမယ့် ပြီးခဲ့တဲ့ကိစ္စတွေကို ချန်ထားခဲ့ပါပြီ''ဟု ပြောကြားခဲ့သည်။

အီတလီအသင်း နည်းပြရာထူး ကို စိတ်ဝင်စားခြင်းရှိ၊ မရှိမေးမြန်းမှုကို လည်း မော်ရင်ဟိုက ''မဖြစ်နိုင်ပါဘူး။ ဒီတိုင်းပြည်နဲ့ပတ်သက်ပြီးလည်း ကျွန် တော်ဘာမှမခံစားရပါဘူး။ ပြီးတော့ အီတလီမှာ ထိပ်တန်းနည်းပြတွေအ များကြီးရှိပြီး ကျွန်တော့်လို နိုင်ငံခြားသားတစ်ယောက်ကို စိတ်ဝင်စားမှာလည်းမဟုတ်ပါဘူး''ဟု ဆိုခဲ့သည်။

Most Read

Most Recent