ကန်တိုနာ၏စံချိန်ကို ရိုက်ချိုးပြီး လိဂ်ပွဲအနည်းဆုံးဖြင့် ဖန်တီးမှုအကြိမ်(၅၀)ပြည့်သူအဖြစ် အိုဇေးလ် စံချိန်တင်

ကန်တိုနာ၏စံချိန်ကို ရိုက်ချိုးပြီး လိဂ်ပွဲအနည်းဆုံးဖြင့် ဖန်တီးမှုအကြိမ်(၅၀)ပြည့်သူအဖြစ် အိုဇေးလ် စံချိန်တင်
Published 13 March 2018

 

အာဆင်နယ်အသင်း၏ ကွင်း လယ်လူ အိုဇေးလ်သည် မန်ယူဂန္ထဝင်တိုက်စစ်မှူး ကန်တိုနာ၏စံချိန်ကို ရိုက်ချိုးပြီး ပရီးမီးယားလိဂ်ပွဲအနည်းဆုံးဖြင့် ဂိုးဖန်တီးမှုအကြိမ်(၅၀)ပြည့်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်(၃-ဝ)၀က်ဖို့ဒ်ပွဲ တွင် ဖရီးကစ်မှတစ်ဆင့် အိုဇေးလ်၏ ဖန်တီးပေးမှုကို ဂျာမနီအသင်းဖော် နောက်ခံလူ မူစတာဖီ ခေါင်းတိုက်သွင်းယူခဲ့ပြီး ယင်းဂိုးမှာ အိုဇေးလ်၏လိဂ်ဂိုးဖန်တီးမှု အကြိမ်(၅၀)မြောက် ဖြစ်ခဲ့သလို၊ အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်အိမ်ကွင်း ဂိုး(၁၀၀၀)ပြည့် မြောက်သည့်ဂိုးလည်းဖြစ်ခဲ့ကြောင်း သိရသည်။

အိုဇေးလ်သည် ဂိုးဖန်တီးမှု အကြိမ်(၅၀)ကို လိဂ်ပွဲ(၁၄၁)ပွဲဖြင့် ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး ကန်တိုနာ ၏စံချိန် (၁၄၃)ပွဲကို (၂)ပွဲလျော့ဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အိုဇေးလ်အနေဖြင့် ပရီးမီးယား လိဂ် ဂိုးဖန်တီးမှုအများဆုံးစံချိန်နှင့်မူ များစွာ ကွာဝေးနေသေးကြောင်း သိရသည်။

ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားသူမှာ မန်ယူအသင်း၏ တောင်ပံကစားသမားဟောင်း ရိုင်ယန် ဂစ်ဖြစ်ပြီး (၁၆၂)ကြိမ် ဖန်တီးခဲ့သည်။

Most Read

Most Recent