w ရာသီကုန်တွင် အနားယူမည်ဟု ကာရစ် အတည်ပြုကြေညာ - Eleven Media Group <

ရာသီကုန်တွင် အနားယူမည်ဟု ကာရစ် အတည်ပြုကြေညာ

 

မန်ယူအသင်း၏ ၀ါရင့်ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်က ယခုနှစ်ရာသီကုန်တွင် ကစားသမားဘ၀မှ အနားယူတော့မည်ဖြစ်ကြောင်းနှင့် မန်ယူအသင်း၏ နည်းပြအဖွဲ့သို့ ၀င်ရောက်သွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက်(၃၆)နှစ်ရှိပြီဖြစ်သည့် ကာရစ်သည် ကစားသမားဘ၀ကို (၁၉)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အနားယူရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

”ခန္ဓာကိုယ်က ဘောလုံးကစားခြင်းကို ရပ်တန့်လိုက်ဖို့ ပြောလာတာကြောင့်ပါ။ ပွဲတွေအများကြီး မကစားနိုင်တော့ဘူးဆိုတာလည်း ကိုယ့်ကိုယ်ကိုယ်သိပါတယ်”ဟု ကာရစ် က ပြောကြားခဲ့သည်။

March 13, 2018














Copy Protected by Chetan's WP-Copyprotect.