<

လာမည့်နွေရာသီ၌ ထိပ်တန်းဂိုးသမား အားဖြည့်ရန် PSG အသင်းစီစဉ်နေပြီး ဒီဂီယာ၊ ကော်တိုအာနှင့် ဒွန်နာရမ်မာတို့ကို ပစ်မှတ်ထား

Photo: Getty Images

ပြင်သစ်ထိပ်သီး PSG အသင်းသည် လာမည့်နွေရာသီတွင် ထိပ်တန်းဂိုးသမားတစ်ဦး အားဖြည့်ခေါ်ယူသွားရန် စီစဉ်နေပြီး မန်ယူမှ ဒီဂီယာ၊ ချယ်လ်ဆီးမှ ကော်တိုအာနှင့် အေစီမီလန်မှ ဒွန်နာရမ်မာတို့ကို ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

Photo: Getty Images

PSG အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုမရခဲ့သည့်အတွက် အသင်းကို ပိုမိုတောင့်တင်းအောင် အားဖြည့်သွားရမည်ဟု ယူဆနေပြီး ထိပ်တန်းဂိုးသမားတစ်ဦး အားဖြည့်ရေးကို ဦးစားပေးအစီအစဉ်အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

ယခု PSG အသင်း ပစ်မှတ်ထားနေသည့် ဂိုးသမားများမှာ ခေါ်ယူလိုသည့် ထိပ်တန်းပြိုင်ဘက်အများအပြားရှိနေသည့်အတွက် အပြိုင်အဆိုင်ငွေကြေးသုံးစွဲမှုများနှင့်အတူ ဂိုးသမားအပြောင်းအရွှေ့စံချိန်သစ်ကို မြင်တွေ့ရနိုင်သည့်အလားအလာဖြစ်ကြောင်းလည်း စောင့်ကြည့်သူများက သုံးသပ်လျက်ရှိသည်။

Photo: Reuters

စပိန်ထိပ်သီး ရီးယဲလ်အသင်းကလည်း ယခုဂိုးသမား(၃)ဦးထဲမှ တစ်ဦးဦးကိုပင် ခေါ်ယူရန် ပစ်မှတ်ထားနေသည့်အတွက် ရီးယဲလ်နှင့် PSG အသင်းတို့၏ အဓိကအားပြိုင်မှုကို ပိုမိုမြင်တွေ့ရဖွယ်ရှိနေသည်။

March 12, 2018














Copy Protected by Chetan's WP-Copyprotect.